Local Celebrity: ချစ်သူမျက်နှာ တစ်ကမ္ဘာထင်နေတဲ့ ရွှေမှုံရတီ

ချစ်သူပခုံးပေါ် အိပ်နေတဲ့ပုံလေးကို တွေ့ရပါတယ်။

ဒီနေ့ (မေလ ၁၅ ရက်နေ့) မှာ သူမရဲ့ရုပ်ရှင်ဇာတ်ကားအထူးပြပွဲအတွက် အလုပ်ရှုပ်နေပြီး ဒီညမှာလည်း မန္တလေးကို အရောက်သွားရမယ့် ရွှေမှုံရတီတစ်ယောက် ပင်ပန်းပေမဲ့ ချစ်သူဘေးမှာရှိနေတဲ့အတွက် ပျော်ရွှင်နေပုံပါပဲ။

play

 

ရွှေမှုံရတီဟာ သူမချစ်သူရဲ့ပခုံးပေါ် ခေါင်းမှီအိပ်နေတဲ့ပုံလေးကို တင်ခဲ့ရင်း သူမရဲ့ခံစားချက်ကို Loved လို့ထည့်ကာ "သူ့မျက်နှာမြင် တစ်ကမ္ဘာထင်" လို့ ရေးသားထားတာကို တွေ့ရပါတယ်။

play

 

ရွှေမှုံရတီက မတ်လ(၂၅)ရက်နေ့က ချစ်သူနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်ပေါ်မှာ တင်ပြီး သူမရဲ့ချစ်သူကို ပရိသတ်ကို ပြသခဲ့ကာ မတ်လ ၂၇ ရက်နေ့မှာတော့ Live လွှင့်ကာ မောင်လို့ သူမ အမြတ်တနိုးခေါ်တဲ့ ချစ်သူကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

ရွှေမှုံဟာ မေလ ၁၅ ရက်နေ့မှာ We Love Shwe Mhon Yati Group နဲ့ မန္တလေးမှာ မွေးနေ့အကြိုပွဲလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ မေလ ၁၆ ရက်နေ့မှာ ရွှေမှုံရတီက အသက် ၁၉ နှစ် ပြည့်မှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ သူမပါဝင်ထားတဲ့ ချိုမြိန်သော လက်စားချေခြင်းဇာတ်ကားအထူးပွဲကို တက်ရောက်ခဲ့ပါသေးတယ်။  ယင်းဇာတ်ကားအထူးပွဲကို ရန်ကုန်မြို့၊ သမ္မတရုံမှာ ပြသခဲ့တာဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်၊ရွှေမှုံရတီ၊ ခင်ဝင့်ဝါတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ယင်းဇာတ်ကားကို မေလ(၁၉) ရက်နေ့မှ စပြီး မြန်မာနိုင်ငံရှိ အဆင်ြ့မင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမှာ ဖြစ်ပါတယ်။

Photos : ရွှေမှုံရတီဖေ့စ်ဘွတ်ခ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ