Local Celebrity: မွေးနေ့မှာ မိသားစုနဲ့အတူ အလှူလုပ်သွားမယ့် ရွှေမှုံရတီ

မေလ ၁၆ ရက်နေ့က ရွှေမှုံရတီရဲ့မွေးနေ့ပါ။

သရုပ်ဆောင် ရွှေမှုံရတီဟာ မေလ ၁၆ ရက်နေ့မှာ အသက် ၁၉ နှစ်ပြည့်မှာဖြစ်ပြီး သူမရဲ့မွေးနေ့ကို ကောင်းမှုကုသိုလ်လုပ်ရင်း ဖြတ်သန်းမယ်လို့ ဆိုပါတယ်။

play

 

“ အသက် ၁၈ နှစ်ပြည့်တုန်းက မွေးနေ့ပွဲကို ခမ်းခမ်းနားနား လုပ်ဖြစ်ခဲ့တယ်ဆိုတာကလည်း ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အသက် ၁၈ နှစ် ဖြစ်တဲ့ အတွက် အမှတ်တရဖြစ်အောင်ကျင်းပခဲ့တာဖြစ်လို့ နောက်နှစ်တွေမှာတော့ ခမ်းခမ်းနားနားမလုပ်တော့ဘူး။ အသက် ၁၉ နှစ်ပြည့်မွေးနေ့မှာ မိသားစုတွေ၊ We Love Fan တွေနဲ့ မွေးနေ့ကို ဖြတ်သန်းဖြစ်မှာပါ” လို့ ရွှေမှုံရတီက ချိုမြိန်သော ကလက်စားချေခြင်း ရုပ်ရှင်ဇာတ်ကားအထူးပွဲမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒီနေ့ (မေလ ၁၅ ရက်) ညမှာတော့ We Love Shwe Mhon Yati Group နဲ့ မန္တလေးမှာ မွေးနေ့အကြိုပွဲလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

play

 

ရွှေမှုံဟာ မေလ ၁၉ ရက်နေ့မှာ ပြသတော့မယ့် ချိုမြိန်သော ကလက်စားချေခြင်းရုပ်ရှင်ဇာတ်ကားထဲမှာ အံ့ထားမေ ဆိုတဲ့ကောင်မလေး နေရာကသရုပ်ဆောင်ထားပြီး ကိုယ့်ဘ၀ရှေ့ရေးအတွက် ပညာကိုပဲ ဦးစားပေးစဉ်းစားတတ်တဲ့အချိန်မှာ အချစ်ရေးကို ဥပက္ခာပြုခဲ့လို့ နောက်မှ နောင်တရပြီး ကိုယ်ချစ်ရတဲ့ကောင်လေးတစ်ယောက်ကို ပြန်လိုချင်ပေမယ့်လည်း လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ကာရိုက်တာမျိုးနဲ့ ပီပီပြင်ပြင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

"ရုပ်ရှင်ဇာတ်ကားကြီးထဲက ကာရိုက်တာနဲ့ပတ်သက်လို့ အရမ်းအချစ်ကြီးပြီးတော့ သူများချစ်သူနှစ်ယောက်ကို ကွဲစေချင်တဲ့ မိန်းကလေးတစ်ယောက်၊ ဗီလိန်အဖြစ်သရုပ်ဆောင်ထားတယ်၊ အဓိကကတော့ ကိုယ်က ကောင်လေးကို မချစ်တာ မဟုတ်ဘူး ချစ်တယ် ကိုယ့်ရဲ့ တက်လမ်းကို ပိတ်မှာစိုးတဲ့ အတွက် ကိုယ်ကိုယ်တိုင် ရင်ကွဲခံပြီးတော့ ထွက်သွားရတာပေါ့" လို့ ရွှေမှုံက ပြောပြပါတယ်။

ကာရိုက်တာအပိုင်းနဲ့ပတ်သက်လို့ ပုံစံ ၂ မျိုးလောက် ထပ်ပြောင်းရပါတယ်လို့လည်း ဆိုပါတယ်။

ယင်းဇာတ်ကားရိုက်ကူးစဉ်က အမှတ်တရဖြစ်ရပ်ကိုလည်း ရွှေမှုံက ပြောပြခဲ့ပါသေးတယ်။

play

 

"အမှတ်တရ ရှိခဲ့တဲ့ ဇာတ်ဝင်ခန်းတွေကတော့ အများကြီးဆိုပေမဲ့ နောက်ဆုံး သေသွားတဲ့အခန်းရဲ့ မိတ်ကပ်လိမ်းခြယ်မှုနဲ့ ပတ်သက်လို့ မြင်တဲ့အတိုင်းပဲ ရုပ်ကစုတ်ပြတ်နေတာတော့ အမှတ်တရဖြစ်ခဲ့ပါတယ်" လို့ ပြောပြရင်း လှပဖို့ထက် ဇာတ်ကားကောင်းဖို့က အရေးကြီးပါတယ်လို့ သူမရဲ့သဘောထားကို ရှင်းပြခဲ့ပါတယ်။

စာရေးဆရာမ လွန်းထားထားရဲ့ ၀တ္ထုကို သရုပ်ဆောင်ရတဲ့ အတွက်လည်း ရေးတဲ့သူတွေရဲ့ ဇာတ်ကောင်နေရာမှာ ကိုယ်က အကောင်းဆုံးဖြစ်အောင်ကြိုးစားပေးရတယ်၊ ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းအားလုံးကိုသဘောကျတယ် ဆိုတာကလည်း ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ကြိုက်နှစ်သက်တယ်လို့ သူမက ပြောခဲ့ပါတယ်။

ချိုမြိန်သောလက်စားချေခြင်း ရုပ်ရှင်ဇာတ်ကားကြီးကို မေလ(၁၉) ရက်နေ့မှ စပြီး မြန်မာနိုင်ငံရှိ အဆင်ြ့မင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမှာ ဖြစ်ပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ