Local Celebrity: မန္တလေးမှာ ချစ်သူများနဲ့ မွေးနေ့ ကျင်းပနေတဲ့ ရွှေမှုံရတီ

(၁၉)နှစ်ပြည့် မွေးနေ့ပါ။

ရွှေမှုံရတီကတော့ မန္တလေးမှာ ချစ်တဲ့သူများနဲ့ အတူ မွေးနေ့ပွဲကို ကျင်းပနေပါတယ်။

play

 

ဒီနေ့လုပ်တဲ့ ပွဲလေးကတော့ သူမရဲ့ ပရိသတ်တွေနဲ့အတူ ကျင်းပတဲ့ မွေးနေ့ အကြိုပွဲလေး ဖြစ်ပါတယ်။ သူမရဲ့ (၁၉)နှစ်ပြည့် မွေးနေ့မှာတော့ ချစ်တဲ့ ပရိသတ် မိသားစု မိတ်ဆွေတွေနဲ့အတူ ပျော်ရွှင်စွာ ကျင်းပနေတာကိုလည်း တွေ့ရပါတယ်။

play

 

ချစ်တဲ့ပရိသတ်တွေအတွက် ရွှေမှုံရတီက ရန်ကုန်ကနေ မန္တလေးကို တတူးတက လာပေးတာလည်း ဖြစ်ပါတယ်။ မွေးနေ့အကြိုပွဲ လေးကိုတော့ မန္တလေးမြို့ Oriental house မှာ ပြုလုပ်တာ ဖြစ်ပါတယ်။ မွေးနေ့အကြိုပွဲလေး ပြုလုပ်နေ တဲ့ ဓာတ်ပုံတွေကိုလည်း ဒီဇိုင်နာ မျိုးမင်းစိုးရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။

play

 

ဒီနေ့ မွေးနေ့အကြိုပွဲလေး ပြီးသွားလို့ မနက်ဖြန် သူမရဲ့ မွေးနေ့(မေလ၁၆)ရက်နေ့မှာလည်း မိသားစုနဲ့အတူ အလှူလုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

“ အသက် ၁၈ နှစ်ပြည့်တုန်းက မွေးနေ့ပွဲကို ခမ်းခမ်းနားနား လုပ်ဖြစ်ခဲ့တယ်ဆိုတာကလည်း ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အသက် ၁၈ နှစ် ဖြစ်တဲ့ အတွက် အမှတ်တရဖြစ်အောင်ကျင်းပခဲ့တာဖြစ်လို့ နောက်နှစ်တွေမှာတော့ ခမ်းခမ်းနားနားမလုပ်တော့ဘူး။ အသက် ၁၉ နှစ်ပြည့်မွေးနေ့မှာ မိသားစုတွေ၊ We Love Fan တွေနဲ့ မွေးနေ့ကို ဖြတ်သန်းဖြစ်မှာပါ” လို့ ရွှေမှုံရတီက ချိုမြိန်သော ကလက်စားချေခြင်း ရုပ်ရှင်ဇာတ်ကားအထူးပွဲမှာ ဖြေကြားခဲ့ တာဖြစ်ပါတယ်။

play

 

သူမပါဝင်ထားတဲ့ ချိုမြိန်သော လက်စားချေခြင်း ရုပ်ရှင်ဇာတ်ကားကြီးကို မေလ(၁၉)ရက်နေ့မှာ ရုံတင်ပြသသွားမှာလည်း ဖြစ်ပါတယ်။

Photo : မျိုးမင်းစိုး (ဒီဇိုင်နာ)ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ