Local Celebrity: ပရိသတ်တွေ လက်ဆောင်ပေးတဲ့ အင်္ကျီနဲ့လှနေတဲ့ အိချောပို

သရုပ်ဆောင် အိချောပို ကတော့ ပရိသတ်တွေ လက်ဆောင်ပေးတဲ့ အင်္ကျီလေးနဲ့ လှလို့နေပါတယ်။

play

 

မိတ်ကပ် အပြင်အဆင်တွေ မပါပဲ သဘာဝဆန်ဆန်လှပနေတဲ့ သူမရဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်ပေးထားပါတယ်။

ပရိသတ်တွေပေးထားတဲ့ အင်္ကျီအဖြူလေးနဲ့ ဘောင်းဘီအတိုလေး ဝတ်ထားတဲ့ သူမရဲ့ ပုံလေးတွေကိုလွန်ခဲ့တဲ့ မိနစ်ပိုင်းက တင်ထားတာ ဖြစ်ပါတယ်။

play

 

မျက်မှန်လေးနဲ့ ဘာမိတ်ကပ်မှမလိမ်းထားပေမဲ့လည်း ချစ်ဖို့ ကောင်းနေပါတယ်။ သူမရဲ့ ပရိသတ်တွေကလည်း သူမဘယ်လိုပဲ နေနေ အားပေးကြတာကိုလည်း တွေ့ရပါတယ်။

ကျရာ ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူ အိချောပို တစ်ယောက်ကတော့ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။

play

 

အိချောပိုဟာ အနုပညာနဲ့ပတ်သက်လို့ သရုပ်ဆောင်အပြင် ဂီတအပိုင်းကိုပါ ခြေလှမ်းဖို့ စိတ်ကူးနေတဲ့အတွက် အခွေထုတ်ဖို့လည်း ပြင်ဆင်နေပါတယ်လို့ အရင်က အင်တာဗျူးတွေမှာလည်း ဖြေဆိုခဲ့ပါသေးတယ်။

သူမရဲ့ ညီမလေးတွေနဲ့အတူ သီချင်းတစ်ပုဒ်လည်း ထွက်ရှိထားပါသေးတယ်။ အဲ့ဒီသီချင်းကတော့  Ve Ve 20th Anniversary Album ထဲမှာပါဝင်တာ ဖြစ်ပြီး  "အလိုချင်ဆုံးဆန္ဒ" ဆိုတဲ့ သီချင်းလေး ဖြစ်ပါတယ်။ 

Photo : အိချောပို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ