Local Celebrity: အပျိုကြီးလုပ်ဖို့ စဉ်းစားထားတဲ့ ရွှေရေးထင်ထင်

အမေရှိရင် အားလုံးပြည့်စုံပါပြီတဲ့။

အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာမတစ်ယောက်အဖြစ်လူသိထင်ရှားလှတဲ့ ရွှေရေးထင်ထင်ရဲ့ အချစ်ရေးကတော့ တစ်ယောက်တည်းပါပဲတဲ့။

play

 

အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးစရာဘာမှမရှိသေးသလို အပျိုကြီးလုပ်ဖို့လည်း ရည်ရွယ်ထား တယ်လို့ ဆိုလိုက်ပါတယ်။

သူမအတွက် ဦးစားပေးစရာ မိခင်နဲ့ အလုပ်ရှိနေပြီး ဖြစ်ကာ မိခင်ရှိနေရင် အားလုံး ပြီးပြည့်စုံနေပြီ ဖြစ်တာကြောင့် တခြား ဘယ်သူမှမလိုအပ်ပါဘူးလို့ Myanmar Celebrity အင်တာဗျူးမှာ ဖြေဆိုပေးထားပါတယ်။

play

 

ရွှရေးထင်ထင်ကတော့ အခုလက်ရှိမှာ မြန်မာရုပ်သံဇာတ်လမ်းတွဲ အတွက် ဇာတ်ညွှန်းတွေ ရေးသားနေပြီး ရုပ်ရှင် ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားတယ်၊  နောက်ထပ်လည်း ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားကြီး တွေလည်း ရိုက်ဖို့ ကမ်းလှမ်းထားတာတွေ ရှိတယ်လို့ သူကဆိုပါတယ်။

play

 

"အခုချိန်မှာ ဇာတ်ညွှန်းရေးနေရတဲ့ အတွက် ဇာတ်ကားရိုက်ကူးဖို့ကမ်းလှမ်းလာတော့ အလုပ်နှစ်ခု တစ်ပြိုင်တည်း လုပ်ဖို့က အဆင်မပြေဘူး။ဒါကြောင့် နောက်ကိုရွှေ့ထားပါတယ်"လို့ ရွှေရေးထင်ထင်က Myanmar People Magazine မှာ ဖြေဆိုထားပါတယ်။

ရွှေရေးထင်ထင် ကတော့ ဗီဒီယိုဇာတ်ကားတွေရော၊ ရုပ်ရှင်ဇာတ်ကားကြီးတွေရော ရိုက်ကူးနေရတဲ့ သူတစ် ယောက်ဖြစ်ပြီး ဇာတ်ညွှန်းတွေကိုလည်းရေးနေရသူတစ်ဦးဖြစ်ပါတယ်။

Photo : ရွှေရေးထင်ထင် ဖေ့စ်ဘွတ်၊ ဖြိုးမိုးသိင်္ခ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ