Local Celebrity: ပရိသတ်တွေနဲ့ အလှူလုပ်မယ့် သရုပ်ဆောင်နေဒွေး

အလှူလုပ်ဖို့ ပရိသတ်တွေနဲ့ အလှူငွေ စု နေတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် နေဒွေးကတော့ ခိုလှုံရာ ဘိုးဘွားရိပ်သာအတွက် အလှူအတန်းပြုလုပ်ဖို့ ဆန္ဒရှိပြီး သူ့ရဲ့ ပရိသတ်တွေ၊ မိတ်ဆွေများနဲ့ သွားရောက်လှူဒါန်းရန် ပါဝင်ကြမည့် အလှူရှင်များကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက တဆင့် ဖိတ်ခေါ် ခဲ့တာကို တွေ့ရပါတယ်။

play

 

ဗီဒီယိုဇာတ်ကားတွေရော၊ ရုပ်ရှင်ဇာတ်ကားကြီးတွေရော ဆက်တိုက် ရိုက်နေရပြီး မကြာခင်က ထွက်ရှိထားတဲ့ ကျန်ရစ်ကြီးဗီဒီယို ဇာတ်ကားမှာ သရုပ်ဆောင် ရတနာဗို နဲ့ အတူပါဝင်သရုပ်ဆောင်ထားပြီး၊ ပဲပြုတ်မ ဗီဒီယို ဇာတ်ကားမှာလည်း သရုပ်ဆောင် စံရတီမိုးမြင့် နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။

play

 

“ကျွန်တော်နဲ့ချစ်ပရိသတ်တွေစုပြီးအလှုလေးလုပ်ကြရအောင်... ကျွန်တော့်ကိုယ်တိုင်မတည်ငွေ ၁၀၀၀၀၀ ကျပ်ဖြင့် စတင်ပြီး နှစ်သောင်းကျပ်မှစပြီးအလှုထည့်မည့်ချစ်ပရိသတ်များကို အိမ်တိုင်ရာ ရောက်အလှုငွေကို ကျွန်တော် ကိုယ်တိုင်လာရောက် ကောက်ခံပါ့မည်ခင်ဗျ။ ရက်အတိအကျကို ပြန်ပြောပေးပါ့မယ် ခင်ဗျ ကျွန်တော် ဒီရက်ပိုင်းရိုက်ကူးရေးနှင့် ပြည်ပခရီးစဉ်ရှိနေလို့ပါ။ ၁၃ရက်နောက်ပိုင်းဖြစ်ဖို့များပါတယ် ခင်ဗျ။နှစ်သောင်းအောက် အလှုရှင်များကို လည်း ကျွန်တော့်ရှုတင်နှင့် အနီးစပ်ဆုံးနေရာများကိုချိန်းပြီးကောက်ခံပေးပါ့မယ်ခင်ဗျ။ သားသမီးတိုင်း အမေ အပေါ်သိတတ်ကြပါစေ ...” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မှာ ရေးသားထားတာဖြစ်ပါတယ်။

play

 

သရုပ်ဆောင်နေဒွေးပါဝင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ သားဘီလူး ရုပ်ရှင်ဇာတ်ကားတို့ ကလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ ဇာတ်ကားကြီးတွေလဲ ဖြစ်ပါတယ်။

Photo : နေဒွေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ