Local Celebrity: ဝေဖန်မှုတွေကို သဘောကျတယ်လို့ ဆိုလိုက်တဲ့ မိုးယံဇွန်

ရတနာပုံဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

MNTV ရုပ်သံလိုင်း က ထုတ်လွှင့်ပြသလျှက်ရှိတဲ့ ရတနာပုံ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မိုးယံဇွန်ကတော့ ဒီဇာတ်ကားလေးရဲ့ အပေါ် ပရိသတ်တွေရဲ့ အားပေးဝေဖန်မှုတွေကို သဘောကျတယ် လို့ သူကဆိုပါတယ်။

play

 

ဇာတ်လမ်းတွဲထဲမှာလည်း ''ကျွန်တော့်ရဲ့ ဇာတ်ကောင်က နေရာရတဲ့အတွက် နောက်ထပ်လည်း ဒီလို အခွင့်အရေးမျိုးရခဲ့ရင် ဒီ့ထက်ပို ကြိုးစားသွားပါမယ်။'' လို့ သူကဆိုပါတယ်။

ဇာတ်လမ်းတွဲထဲက ကာရိုက်တာနဲ့ ပတ်သက်ပြီး ''လိုအပ်ချက်လေးတွေတော့ အားမလို၊ အားမရ ဖြစ်မိတယ်၊ အဓိက ကတော့ ဒါရိုက်တာ ကိုသားညီက ဇာတ်ရဲ့ အဓိက ဖရိန်နဲ့ လိုအပ်ချက်မရှိအောင် ညွှန်ကြားနေတဲ့ အတွက် ကျွန်တော့် အတွက်ကတော့ အဆင်ပြေတယ်၊သူ့ ဟာနဲ့ သူကတော့ ကာရိုက်တာနဲ့ ဇာတ်ရုပ်တွေက လိုက်ဖက်တာကြောင့် ကြီးကြီးမားမားလိုအပ်ချက်မရှိဘူးလို့ ခံစားရတယ်၊ အလိုမကျတဲ့ အပိုင်းလေးတွေကလည်း ဒီ့ထက်ပိုကောင်းအောင် ကြိုးစားလိုက်ရမှာ ဆိုတဲ့ ကိုယ့်ရဲ့ သရုပ်ဆောင်မှု အပိုင်းလေးတွေပါပဲ" လို့ သရုပ်ဆောင်မိုးယံဇွန် ကပြောပါတယ်။

play

 

မိုးယံဇွန်ကတော့ MNTV အတွက် နောက်ထပ် ဇာတ်လမ်းတွဲ တစ်ခု ထပ်ရိုက်ရမယ်လို့သိရပါတယ်။

ကာရိုက်တာကတော့ “ နိုင်ငံခြားမှာ ကျောင်းသွားတက်နေတဲ့ ကောင်လေးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမယ်၊ ဇာတ်လမ်းပုံစံလေးကတော့ ရိုးမန့် ဆန်ဆန်လေးပါပဲ” လို့ ဆိုပါတယ်။ဇွန်လ ၃ ရက်နေ့က MNTV ရုပ်သံလိုင်း မှာ စတင်ထုတ်လွှင့်ခဲ့တဲ့ ကြည်နူးရိပ် ရုပ်သံဇာတ်လမ်းတွဲမှာလည်း သူဋ္ဌေးသားတစ် ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ထားတယ်လို့ ဆိုပါတယ်။ ဇာတ်လမ်းထဲက ကာရိုက်တာနဲ့ ဘယ်နှပိုင်းလောက်ရိုက်ရမယ်ဆိုတာ မသိရသေးဘူးလို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

Photo : မိုးယံဇွန် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ