Local Celebrity: မိုးရွာပြီး ကားပိတ်နေတာကို ကားလမ်းဝင်ရှင်းပေးခဲ့တဲ့ ထားထက်ထက်

အလှမယ် ထားထက်ထက်ကတော့ မိုးရွာပြီး ကားတွေပိတ်နေတာကို ကားလမ်းဝင်ရှင်းပေးခဲ့တယ်လို့ သိရပါတယ်။

play

 

မိုးတွေ သည်းထန်စွာ ရွာပြီး ရေတွေကြီးနေတဲ့ ကြားထဲမှာ ကားလမ်းတွေ ပိတ်နေတာကြောင့် ကားရှင်းပေးမယ့်သူ မရှိလို့ ကားဝင်ရှင်းပေးခဲ့တာ ဖြစ်ပါတယ်။

play

 

"Ohh ကျမကခုမှ လမ်းရှင်းပေးပြီး ရေကျလို့ခဏနားပါတယ် ။ ရေတွေတော်တော်မြုပ်လို့ ကားတွေပိတ်နေလို့ လမ်းကြားလေးတခုထဲကကားလေးတစီး အမိုးလေးပဲမြင်တဲ့အထိ မြုပ်နေတော့ ပိုင်ရှင်ခမျာငိုနေတာနဲ့ စိတ်မကောင်းလို့ လမ်းမကြီးမှာလဲရေမြုပ်နေတော့ ကားလေးတွေအကုန်မြုပ် ပျက်ကြဆိုတော့ တခြားကားတွေလဲပျက်မှာစိုးလို့ ကားရှင်းပေးသူမရှိလို့ ကားဝင်ရှင်းပေးနေတာကို အမှိုက်ပုံးကြီးတွေတောင်မျောနေတာ ကားတွေပိတ်နေချိန်မှာ ကိုယ်ချင်းစာမိတယ်လေ ဘာဖြစ်လို့ပိတ်နေမှန်းမသိ ရှေ့ဆက်တိုး ဟိုးရှေ့ ရေနားရောက်မှကားတွေကပြန်လှည့် ကားတွေ အသေထပ်ပိတ် မနေနိုင်လို့မော်တော်ပီကယ် ဝင်လုပ်တာကိုကွယ် Snap shot ရိုက်ရင်လဲ လှလှလေး ရိုက်ပါလား ဟယ် ခုတော့ကိုယ့်ယို့ကားယား အာကလဲပြဲနေရသေး ကားအသေးတွေအစီးတိုင်းလိုက်ပြောနေတာကို" ဆိုပြီး ထားထက်ထက် Fans မှာ ရေးသားထားပါတယ်။

play

 

သူမရဲ့ ပရိသတ်တွေကလည်း သူမရဲ့ လုပ်ရပ်လေးကို မြင်ပြီး ချီးကျူးထားကြတာကိုလည်း တွေ့ရပါတယ်။ Duwun ပရိသတ်ကြီးလည်း ကားလမ်းဝင်ရှင်းပေးခဲ့တဲ့ ထားထက်ထက်ရဲ့ပုံရိပ်လေးတွေကို တွေ့မြင်နိုင်အောင် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Photo : ထားထက်ထက် Fan ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ