Local Celebrity: ဖြစ်ရပ်မှန်ဇာတ်ကား မရိုက်ဖြစ်တော့တဲ့ ဒါရိုက်တာ ညိုမင်းလွင်

, updated

ပရိသတ်တွေကို ကြေညာပြီးတော့မှ မရိုက်ဖြစ်တော့တဲ့ ဇာတ်ကားပါ။

ပရိသတ်တွေကိုစိတ်ဝင်တစားဖြစ်စေခဲ့တဲ့ ဒါရိုက်တာ ညိုမင်းလွင် ကိုယ်တိုင်ရိုက်ကူးသွားမယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး မရိုက်ဖြစ်တော့ကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇွန်လ ၂ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

play

 

''ပရိသတ်များအားလေးစားစွာပြန်လည်အသိပေးအပ်ပါသည်... ထွန်းရုပ်ရှင်ထုတ်လုပ်ရေးမှ လူမင်း၊မိုးဟေကို၊ ညီထွဋ်ခေါင်၊ စွမ်း၊မင်းရာဇာ၊တိုင်ရွန်တို့ခေါင်းဆောင်ပါဝင်မည့် Scorpion - ကင်းမြီးကောက် ဇာတ်ကားရိုက်ကူးရေးကို ကျွန်တော့်ဘက်မှရပ်ဆိုင်းလိုက်ပြီဖြစ်ပါကြောင်း မြန်မာ့ရုပ်ရှင်ဗီဒီယိုဆင်ဆာအဖွဲ့နှင့်တကွ ပရိသတ်များ အားလေးစားစွာ အသိပေးကြေငြာအပ်ပါသည်၊ အကြောင်းစုံသိရှိလိုပါက စီစဉ်သူများထံသို့ဆက်သွယ်မေးမြန်းကြစေလိုပါသည်၊" ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။

play

 

ဒါရိုက်တာညိုမင်းလွင် ဟာ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ခု ရိုက်ကူးရန်အတွက် ဇာတ်ကားထဲက သရုပ်ဆောင်များဖြစ်ကြတဲ့ အကယ်ဒမီလူမင်း၊ ညီထွဋ်ခေါင်၊ စွမ်းဇာနည်၊မင်းရာဇာ၊တိုင်ရွန် နဲ့ အတူ တစ်ဦးတည်းသောမင်းသမီး မိုးဟေကို တို့ကို မေလ အတွင်းက ကြေညာခဲ့တာဖြစ်ပါတယ်။

ဇာတ်ကားမရိုက်ဖြစ်တော့ကြောင်းကို ဖေ့စ်ဘွတ်စာမျက်နှာပေါ် တင်ခဲ့ပြီးနောက် ပရိသတ်ရဲ့ ဝေဖန်မှုများစွာရရှိခဲ့ပြီး အဲ့ဒီ ဝေဖန်မှုတွေကိုလည်း “ကျွန်တော့်ပရိသတ်တွေကို ကျွန်တော်ကပြန်ပေးတဲ့လျော်ကြေးတစ်ခု...Tonight 8:00 pm..p.s ကိုယ့်ဘာသာကိုယ်တောင် အလုပ်တွေပိုသွားလို့မအားရတဲ့အထဲ ပွအောင်ဖွတယ်လို့အထင်ရောက်သူများကိုတော့ ဖွတာမဟုတ်ဘူး လို့လုံးဝငြင်းဆိုပါကြောင်း” ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြန်လည် ရေးသားခဲ့ပါတယ်။

Photo : ညိုမင်းလွင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ