Local Celebrity: ရေအုတ်ကန်ထဲ ဝင်စိမ်ပြီး ရေချိုးခဲ့တဲ့ ဦးကျော်သူ

၁၅မိနစ်လောက် ဝင်စိမ်ပစ်လိုက်တယ်လို့ ဆိုပါတယ်။

ပရဟိတသမားကြီး ဦးကျော်သူကတော့ ရေအုတ်ကန်ထဲဝင်ပြီး ရေချိုးခဲ့တယ်လို့ သိရပါတယ်။

play

 

ဟန်လင်းမြို့ဟောင်းမှာ အရေးပေါ်လူနာတင်ယာဉ် ပေးအပ်ပွဲအခမ်းအနားအပြီးမှာ ရေပူကန်ထဲ ရေပူဆင်းချိုးချင်ပေမယ့် မသင့်တော်တာကြောင့် နီးစပ်ရာ တည်းခိုဆောင်နောက်ဖက်မှာ ရေပူချိုးရင်း ရေအုတ်ကန်ထဲထိ ဝင်စိတ်ပစ်လိုက် တယ်တဲ့။

play

 

မနေနိုင်လွန်းလို့ပါဗျာလို့ ဆိုပါတယ်။

"ဟန်လင်းမြို့ဟောင်းမှာအရေးပေါ်လူနာတင်ယာဉ်ပေးအပ်ပွဲအခန်းအနားအပြီးရေပူကန်ထဲရေပူဆင်းချိုးဖို့ကမသင့်တော်လှ။အခမ်း အနားကလည်းရေပူကန်နဲ့ကပ်ရပ်လုပ်။ ဧည့်သည်လူကြီးများနဲ့မြို့မိမြို့ဖများကလည်းအပြည့်။ အင်္ကျီချွတ်ပြီး ရေပူကန်ထဲ ဆင်းလို့က မသင့်တော်။ ဒါကြောင့်နီးစပ်ရာတည်းခိုဆောင်နောက်ဖက်မှရေပူသွားချိုး။ ချိုးယုံနဲ့အားမရ။

တည်းခိုဆောင် ပိုင်ရှင်က အထဲဝင် ချိုးဖို့ပြော။ဒါနဲ့ မအောင့်နိုင်ဘဲအုတ်ကန်ထဲမဆန့်မပြဲဝင်ထိုင်ပြီး၁၅မိနစ်လောက်ဝင်စိမ်ပစ်လိုက်။" လို့ ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

လန်းဆန်းတက်ကြွသွားတာပဲလို့ ပြောပါတယ်။

Photo : ဦးကျော်သူ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ