Local Celebrity: ရွှေရုပ်လေးလို လှနေတဲ့ ဂျူးဂျူးသစ္စာ

မြန်မာဆန်ဆန်လေးနဲ့ ကျက်သရေရှိလှပါတယ်။

ဘိုမရုပ်လေးတစ်ရုပ်လို ချစ်စဖွယ်ကောင်းပြီး လှပလွန်းတဲ့ မော်ဒယ်မလေး ဂျူးဂျူးသစ္စာဟာ မြန်မန်ဆန်ဆန်လေးနဲ့လည်း ကျက်သရေရှိရှိ လှပနေတာကို မြင်တွေ့ရပါတယ်။

play

 

"မားမား Khin Hnin Phwe အလှူမင်္ဂလာ ~

ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် " လို့ သူမရဲ့ဖေ့စ်ဘွတ်မှာရေးသားရင်း ဓာတ်ပုံလေးတွေကို ဖေ့စ်ဘွတ်မှာ တင်ခဲ့တာဖြစ်ပါတယ်။

ထီးနဲ့ ၀တ်စုံအပါအဝင် တစ်ကိုယ်လုံး ရွှေရောင်လွှမ်းနေပြီး သူမအသားအရေလေးကလည်း ဝါဝါဝင်း​ဝင်းလေးနဲ့မို့ ရွှေပန်းပုလေးအလား လှပနေတာပါ။

play

 

ဂျူးဂျူးသစ္စာဟာ မော်ဒယ်တစ်ဦးဖြစ်သလို  Rainbow Girl Band အဖွဲ့နဲ့အတူ ဂီတဘက်မှာလည်း လှုပ်ရှားနေသူ တစ်ဦးပါ။ သူမဟ မေလဆန်းပိုင်းမှာ သီချင်းသစ်တစ်ပုဒ်ကို အွန်လိုင်းပေါ်မှာတင်ရင်း သူမရဲ့ဂီတဝါသနာကို ပရိသတ်ကို ချပြခဲ့ပါတယ်။

play

 

အတုအယောင်လို့ အမည်ပေးထားတဲ့ ယင်းသီချင်းမှာ ဂျူးဂျူးသစ္စာက သော်ခနဲ့အတူ တွဲဖက်သီဆိုထားတာ ဖြစ်ပါတယ်။

Photos : ဂျူးဂျူးသစ္စာဖေ့စ်ဘွတ်

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ