Local Celebrity: လွတ်လပ်ပျော်ရွှင်နေတဲ့ ရွှေမှုံရတီရဲ့ချစ်စဖွယ်ပုံရိပ်လေးများ

သူမကတော့ ကမ္ဘာပတ်ရင်း ပျော်နေပါတယ်။

ရွှေမှုံရတီကတော့ မြန်မာနိုင်ငံကို ပြန်လာပြီး လုပ်စရာရှိတဲ့အလုပ်တွေ လုပ်လိုက်၊ ကမ္ဘာပတ်ခရီးတွေထွက်လိုက်နဲ့ အမြဲတမ်း ပျော်ရွှင်တက်ကြွနေပါတယ်။

play

 

လတ်တလောမှာတော့ ရွှေမှုံရတီတစ်ယောက် ပြနိုင်ငံကို သူငယချင်းတွေနဲ့အတူ ရောက်ရှိနေတာဖြစ်ပြီး နေရာအနှံ့လျှောက်လည်လို့နေပါတယ်။

ဇွန်လ ၄ ရက်နေ့ညက သူမတင်လိုက်တဲ့ ဓာတ်ပုံတွေထဲမှာတော့ ခေါင်းပေါ်မှာ ကာတွန်းဇာတ်ကောင်လေး Minnie Mouse ရဲ့ခေါင်းစည်းလေးနဲ့ ချစ်စဖွယ်လေး ဖြစ်နေတာပါ။

play
The Louvre ပြတိုက်ဝင်းအတွင်း

 

သူမဟာ ပါရီမြို့မှာ ဈေးဝယ်ထွက်ခဲ့သလို ပါရီမြို့ရဲ့အထင်ကရနေရာဖြစ်တဲ့ The Louvre ပြတိုက်ကိုလည်း ဓာတ်ပုံတွေ တဝကြီး ရိုက်ခဲ့ပါသေးတယ်။ The Louvre ပြတိုက်ဟာ မာမီရုပ်အလောင်းတွေရှိတဲ့ ပြတိုက်တစ်ခုဖြစ်သလို ကမ္ဘာကျော် မိုနာလီဇာပန်းချီကားအစစ်ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။

play

 

မေလ ၁၉ ရက်နေ့ကမှ အသက် ၁၉ နှစ်ပြည့်ခဲ့တဲ့ ရွှေမှုံရတီဟာ လက်ရှိရုံတင်ထားတဲ့ ချိုမြိန်သော လက်စားချေခြင်း ရုပ်ရှင်ကားကြီးမှာ ပါဝင်ထားခဲ့ပြီး သရုပ်ဆောင်ကောင်းတဲ့ သူမဟာ ပရိသတ်ရဲ့ တခဲနက်အားပေးမှုကို ရရှိထားသူလည်းဖြစ်ပါတယ်။ ဒါ့အပြင် ရွှေမှုဟာ ဇွန်လ ၁၆ ရက်နေ့မှာ ပြသမယ့် ဝိညာဉ်ကကြိုးရုပ်ရှင်ဇာတ်ကားမှာလည်း အောင်ရဲလင်း၊ သင်ဇာဝင့်ကျော်တို့နဲ့အတူ ပါဝင်ထားပါသေးတယ်။

Photos : ရွှေမှုံရတီ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ