Local Celebrity: လက်ထပ်လိုက်ပြီဆိုတဲ့ မေသန်းနု

, updated

ပရိသတ်တွေ အံ့သြကုန်ပါတယ်။

ထပ်ဆင့်အကယ်ဒမီ မေသန်းနုဟာ ဇွန်လ ၄ ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ Relationship ကို Got Married လို့ တင်လိုက်တာကြောင့် ပရိသတ်တွေ အံ့သြသွားရပါပါတယ်။

play


အသက် ၁၉ နှစ်အရွယ် သား မင်းသန့်မောင်မောင်ရှိတဲ့ မေသန်းနုဟာ ခင်ပွန်းဖြစ်သူ  ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ လမ်းခွဲလိုက်တာကြာပါပြီ။

play

 

တစ်ကိုယ်တည်း ဘဝကို အေးချမ်းစွာ ဖြတ်ကျော်နေတဲ့ မေသန်းနုဟာ အခုလို ရုတ်တရက်ကြီး လက်ထပ်လိုက်ပြီဆိုတဲ့ Relationship တင်လိုက်တော့ အားလုံးက ဘယ်လိုများဖြစ်ပါလိမ့်လို့ တွေးတောကုန်ကြတာ ဖြစ်ပါတယ်။

play


မေသန်းနုနဲ့ စင်ရော်မောင်မောင်ဟာ ၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်းက ဇာတ်ကားအတူရိုက်ခဲ့ကြပါတယ်။ စင်ရော်မောင်မောင် ရိုက်ကူးတဲ့ "ထာဝရမေမေ" ဇာတ်ကားမှာ မေသန်းနုက ပါဝင်သရုပ်ဆောင်ခဲ့ပြီး သားဖြစ်သူ မင်းသန့်မောင်မောင် ကလည်း တတ်နိုင်သလောက် ဝိုင်းဝန်းကူညီခဲ့ပါတယ်။

မေသန်းနုတစ်ယောက် ခင်ပွန်းဟောင်းနဲ့ပဲ ပြန်လက်တွဲလိုက်တာလား။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ထပ်ဆင့်အကယ်ဒမီ မေသန်းနုကို ဆက်သွယ်မေးမြန်းဖို့ Duwun Media က ကြိုးပမ်းနေပါတယ်။ မေသန်းနုဆီက သတင်း အတိအကျရတာနဲ့ Duwun ပရိသတ်ကြီးကို ချက်ချင်း ဖော်ပြပေးသွားပါ့မယ်။

Photos : မေသန်းနုဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ