Local Celebrity: နွားတွေနဲ့ စကားပြောခဲ့တဲ့ ကျော်ထက်အောင်

ဘာတွေများ ပြောခဲ့တာပါလိမ့်။

သရုပ်ဆောင်ဘက်မှာ ဇာတ်ကားတွေ ဆက်တိုက်လုပ်ဖြစ်နေတဲ့ ကျော်ထက်အောင်ကတော့ ရုပ်ရှင်ရိုက်ရင်း နွားတွေနဲ့စကားပြောခဲ့ပါတယ်။

play

 

ဆရာကြီး လမ်တွင်းသားစောချစ်ရဲ့ ပန်းမြိုင်လယ်က ဥယျာဉ်မှူး ဝတ္ထုကို နေခြည်မှာရွှေရည်လောင်းနာမည်နဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးနေရင်း "ငါ ရုပ်ရှပ်ရိုက်လို့ စီးတာပါသားကြီးတို့ရာ"လို့ပြောခဲ့တာ ဖြစ်ပါတယ်။ နွားလှည်းစီးရတဲ့ အခန်းမှာ သုံးရတဲ့ နွားတွေကို ကြည့်ပြီး စိတ်ထဲမှာ နွားတွေကို သနားသွားတယ်လို့ ဆိုပါတယ်။

play

 

"ဒီနေ့ နွားလှည်းစီးပြီးလာတဲ့အခန်းရိုက်တယ် စိတ်ထဲသူတို့ကိုအရမ်းသနားသွားတယ်။ ထမ်းထားတဲ့ဝန်ကို လေးတယ်မပြောသာကြဘူး။ နွားလှည်းပဲ့ထိမ်းက "သူတို့အစာမစားရသေးဘူး"တဲ့ပိုလို့တောင် သနားမိသွားတယ်။ စာတယ်မပြောတက် လေးတက်မပြောတက်နဲ့ ဒါနဲ့သူတို့ကို စကားသွားပြောခဲ့တယ်။ "ငါ ရုပ်ရှပ်ရိုက်လို့ စီးတာပါသားကြီးတို့ရာ"လို့ပြီးတော့ ခေါင်းလေးတွေပွတ်ပြီး "သရဏဂုံ" ဆိုပေးခဲ့တယ်။ မေးမိသွားတယ် "ဗိုက်စာနေလား ပင်ပန်းနေလား"လို့ အဲ့တော့ မျက်ရည်တွေနဲ့ ကျတော့်ဘက်ဦးလှည့်ပြီး နှာတွေမှုတ်ပြတယ် စမြုပ်တွေ လည်းပြန်လို့ ရယ်ကြတယ် လူတွေက သူတို့နဲ့စကားပြောလို့တဲ့ တကယ်တော့ ကျတော့် မေတ္တာ သူတို့နားလည်သလိုသူတို့ မျက်လုံးတွေ ကပြောတဲ့စကားတွေကျတော်သဘောပေါက်ခဲ့တယ် ပြီးသွားတော့ ကျတော် "ကျေးဇူးတင်ပါတယ် သားကြီးတို့ရာ" လို့ ကျေးဇူးတင်ခဲ့တယ်" လို့ ဇွန်လ(၄)ရက်နေ့ ကျော်ထက်အောင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

play

 

ယင်းရုပ်ရှင်ဇာတ်ကားမှာ ကျော်ထက်အောင်က ကျောင်းဆရာဇာတ်ရုပ်နဲ့ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပြီး ဇာတ်ကောင်စရိုက်ပီပြင်ဖို့အတွက် လက်ဖျံပေါ်က တက်တူးကိုလည်း ဖျက်ခဲ့ပါသေးတယ်။

ထို့အပြင် သူပါဝင်သရုပ်ဆောင်ထားတဲ့ "သူငယ်" ရုပ်ရှင်ဇာတ်ကားကလည်း ဇူလိုင်လအတွင်း ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo : ကျော်ထက်အောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ