Local Celebrity: ပရိသတ်တွေအလွမ်းပြေနိုင်ဖို့ ဆာတိုရီ ထုတ်လုပ်ရေးက ဖော်ပြလိုက်တဲ့ ရဲတိုက် ဓာတ်ပုံများ

လွမ်းစိမ့် ဇာတ်ကားထဲက ဓာတ်ပုံတွေ ဖြစ်ပါတယ်။

ဆာတိုရီ ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးက ရဲတိုက်ရဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေ အလွမ်းပြေနိုင်ဖို့ ဖော်ပြေပေးခဲ့ပါတယ်။

play

 

အဲ့ဒီပုံလေးတွေကတော့ ၂၀၀၈ခုနှစ်က ပုံလေးတွေ ဖြစ်ပါတယ်။ RIT ကျောင်းပုံတွေနဲ့အတူ ရဲတိုက်ရဲ့ ပုံလေးတွေကို တင်ပေးလိုက်တာ ဖြစ်ပါတယ်။

"လွမ်းစိမ့် video ဇာတ်ကားရိုက်ဖို့ ရဲတိုက် ကို စက်မှူတက္ကသိုလ်ထဲခေါ်သွားပြီး ကျောင်းရဲ့ ဝိညာဉ် ကျောင်းရဲ့  အငွေ့ အသက်နဲ့  ၁၉၈၈ သမိုင်းဖြတ် သန်းရပုံတွေကို ကူးစက်ခံစား စေခဲ့ကြပါတယ်။

play

 

၂၀၀၈ခုနှစ် ဒီဇင်ဘာ ၂၁ နဲ့ ၃၀ရက်နေ့ တွေမှာ မှတ်တမ်းတင်ရိုက်ကူးခဲ့တဲ့ အပစ်ပါယ်ခံRIT ကျောင်းပုံတွေနဲ့  အတူ ရဲတိုက် ရဲ့ အဲဒီနေ့ ကပုံလေးတွေဖေါ်ပြလိုက်ပါတယ် ကိုချိုတူးဇော်ကို အမှတ်တရရိုက်ပေးခဲ့တဲ့ တစ်ပုံတည်းသော ပုံကိုပါ အလွမ်းပြေ ဖေါ်ပြလိုက်ပါတယ်။" ဆိုတဲ့ စာလေးတွေနဲ့အတူ ရဲတိုက်ရဲ့ ဓာတ်ပုံလေးတွေကို ဇွန်လ(၄)ရက်နေ့က ဆာတိုရီ ဖေ့စ်ဘွတ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

play

 

ရဲတိုက်ပါဝင်ထားတဲ့ လွမ်းစိမ့်ကို ယခုအချိန်အထိ ဆင်ဆာဖြတ်ခံထားရတဲ့ ၃၃မိနစ်နဲ့ Full version ဖြန့် ချီပြသခွင့်မရရှိသေးပါဘူးလို့လည်း သိရပါတယ်။

တောင်ငူအကျဉ်းထောင်ထဲမှာ ရှိနေတဲ့ သရုပ်ဆောင် ရဲတိုက်နဲ့ ပတ်သက်ပြီးတော့လည်း "သေသေချာချာ မပြောနိုင်သေးဘူး၊ တကယ်လို့ ပြောလိုက်ရင်လည်း တာဝန်ရှိ လူကြီးတွေ ဘက်က စိတ်ဆိုးသွားမှာ၊ ဆေးကုတဲ့အခါ အခက်အခဲတွေ ဖြစ်မှာကို စိုးရိမ်တယ်" လို့ ဆာတိုရီ ထုတ်လုပ်ရေးက ဦးမျိုးဇော် က Duwun Media ကို ပြောပြခဲ့ပါတယ်။

 

Photo : ဆာတိုရီ ထုတ်လုပ်ရေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ