Local Celebrity: ကြောက်တတ်တယ်လို့ ဆိုလိုက်တဲ့ ရွှေထူး

ကြောက်တတ်တာ အပြစ်လားတဲ့။

အဆိုတော် ရွှေထူးကတော့ ကြောက်တတ်တာ အပြစ်လားလို့မေးလိုက်ပါတယ်။ ဘယ်သူ့ကို မဆို ကြောက်ပြလိုက်တာ အေးချမ်းပါတယ်။

play

 

အဲ့ဒါကြောင့် ကျွန်တော်လည်း ကြောက်တတ်တယ်လို့ ရွှေထူးက ဖေ့စ်ဘွတ်ပေါ်မှာ လွန်ခဲ့တဲ့ (၁၆)မိနစ်လောက်က ရေးသားလိုက်ပါတယ်။

ဘာကို ကြောက်တာလည်းဆိုတာကိုတော့ မပြောထားပေမဲ့လည်း ကောမန့်မှာ ကြောက်တတ်တာ အပြစ်လားလို့ မေးထားပါတယ်။ Line ပေါ်မှာ ပိုကြောက်ပြရမယ်လို့ သူက ပြောထားပါသေးတယ်။

play

 

ရွှေထူးကတော့ လက်ရှိမှာ ရှိုးပွဲတွေ ဆိုဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

အဆိုတော် ဘက်မှာသာမက သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ ရွှေထူးကတော့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားသူလည်း ဖြစ်ပါတယ်။

ရွှေထူးကတော့ သူ့ရဲ့ ဒုတိယစီးရီးမှာလည်း အချစ်အကြောင်းအရာတွေထက် ဘဝအကြောင်းကို ဦးစားပေး ရေးသားထားတဲ့ တေးသီချင်းများ ပါဝင်မှာ ဖြစ်ပါတယ်။

play

 

အဲ့ဒီအခွေအတွက် သီချင်း ငါးပုဒ်ခြောက်ပုဒ်လောက် ရေးသားပြီးသွားပြီဖြစ်ကာ ပထမတစ်ကိုယ် တော်အခွေဖြစ်တဲ့ စိတ်ကူးယဉ်စာအုပ်နဲ့ ဘာမှမဆိုင်တော့ဘူးလို့ သိရပါတယ်။

ဒါကြောင့် ကြိုက်တဲ့သူတွေလည်း အရမ်းကို နည်းသွားမယ်ထင်ပါတယ်။ ဒါပေမဲ့လည်း အားလုံးနဲ့ သဟဇာတဖြစ်မယ့် ပုံစံလေးတွေကတော့ သုံးလေးပုဒ်လောက် ပါဝင်တယ်လို့ ရွှေထူးက Myanmar People magazine ကို ဖြေဆိုထားဖူးပါတယ်။ရွှေထူးအနေနဲ့ ဒုတိယစီးရီးခွေကိုလည်း ၂၀၁၇ခုနှစ် အောက်တိုဘာလလောက်မှာ ထွက်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

Photo : ရွှေထူးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ