Local Celebrity: ရှုတင်ရိုက်ဖို့ အိပ်စောင့်နေရတဲ့ သက်မွန်မြင့်

အလှည့်ရောက်ဖို့ စောင့်နေတာ ဖြစ်ပါတယ်။

သရုပ်ဆောင် သက်မွန်မြင့်ကတော့ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေပါပြီ။ ဒီနေ့လည်း ရိုက်ကွင်းမှာ သူမအလှည့်ရောက်ဖို့ကို အိပ်ပြီးစောင့်နေတယ်လို့ ဖေ့စ်ဘွတ်ပေါ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက ရေးသားထားပါတယ်။

play

 

အဲ့ဒီစာသားလေးနဲ့အတူ ဓာတ်ပုံနှစ်ပုံကိုလည်း တင်ထားပါတယ်။

သက်မွန်မြင့်တစ်ယောက် ဇာတ်ကားတွေ ဆက်တိုက်ပြန်ရိုက်လာပြီဖြစ်တာကြောင့် ပရိသတ်တွေကလည်း ပျော်နေကြပါတယ်။ သူမရဲ့ ဇာတ်ကားသစ်တွေကိုလည်း ပရိသတ်တွေက ကြည့်ချင်နေကြပါပြီ။

play

 

သက်မွန်မြင့်ဟာ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု  ရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၄ခုနှစ်ဖေဖော်ဝါရီ (၁၄)ရက်နေ့မှာ အိမ်ထောင်ပြုပြီး အခုဆိုရင် သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေသူလည်း ဖြစ်ပါတယ်။

Photo : သက်မွန်မြင့် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ