Local Celebrity: မီနီအယ်လ်ဘမ်ထွက်ဖို့ ကြိုးစားနေတဲ့ အဆိုတော် “နွေးနွေးချစ်ဖွယ်”

စက်တင်ဘာလမှာ ထွက်ဖို့ ပြင်ဆင်နေပါတယ်။

သရုပ်ဆောင် မြို့တော်ချစ်ဖွယ်ရဲ့ သမီးဖြစ်တဲ့ အဆိုတော် နွေးနွေးချစ်ဖွယ်ဟာ အခုနှစ်စက်တင်ဘာမှာ သူမရဲ့ ပထမဆုံးမီနီတေးစီးရီး အယ်လ်မ်ကိုထုတ်ဖို့ ကြိုးစားနေတယ်လို့ ပြောဆိုလာပါတယ်။

play

 

နွေးနွေးချစ်ဖွယ်ရဲ့ အခွေအတွက် ယုန်လေး၊ အားတီ၊ စိုးလင်း၊ အာတီချုပ်၊ ဇာနည်တို့က သီချင်းရေးပေး ထားတာဖြစ်ပြီး မိစန္ဒီနဲ့ ယုန်လေးတို့ စုံတွဲသီချင်းတွေ ပါဝင်သီဆိုကြမှာ ဖြစ်ပါတယ်။

အခွေနဲ့ပတ်သက်လို့ နွေးနွေးချစ်ဖွယ်က “ဒီအယ်လ်ဘမ်ထဲမှာ မိဘနဲ့သားသမီး ခံစားချက်တွေ၊ မိဘတွေ အဆင်မပြေမှုမှာ သားသမီးတွေက မြေဇာပင် ဖြစ်ရတာတွေ၊ နောက် မိဘမဲ့ကလေးလေးတွေရဲ့ခံစားချက်တွေ၊ မေတ္တာငတ်နေကြရတဲ့သူတွေရဲ့ ရင်တွင်းခံစား ချက်၊ ဘာသာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေ ပါမယ်။ နွေးက မိဘတွေရှိကြပေမယ့် အတူမနေကြ ရဘူး၊ မိသားစုဓါတ်ပုံ တောင်မရှိရတဲ့ဘဝလေ။ မိတကွဲ ဖတကွဲနဲ့နေထိုင်ရင်း လောကဓံကိုခါးစည်းခံခဲ့ရတယ်။ အယ်လ်ဘမ်ခေါင်းစဉ်တော့ မပေးရသေးပါဘူး။”လို့ ပြောပါတယ်။

play

 

နွေးနွေးချစ်ဖွယ်ဟာ သရုပ်ဆောင် မြို့တော်ချစ်ဖွယ်ရဲ့ သမီးဖြစ်ပေမဲ့လည်း ကိုယ်တိုင်ကြိုးစားမှုတွေနဲ့သာ အနုပညာလောကမှာ ရပ်တည်လာတဲ့ သူဖြစ်ပြီး အဆိုတော် ယုန်လေးရဲ့ ကူညီလမ်းပြပေးမှုနဲ့ ၂၀၁၀ ခုနှစ်မှာ "ငါမင်းအတွက် "သီချင်းနဲ့ လူသိများလာပြီး အဆိုတော်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် နွေးနွေးချစ်ဖွယ်ဟာ နိမိတ်ကောင်းတဲ့လူ အယ်လ်ဘမ်မှာ စတင်ပါဝင်သီဆိုခဲ့ပြီး လှုပ်နှိုးရခက်တယ်၊ ရှင်းပါသီချင်းတွေနဲ့ ပရိသတ်သိရှိလာသူဖြစ်ပါတယ်။

 

Source : MMK

Photo : နွေးနွေးချစ်ဖွယ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ