Local Celebrity: ပထမဆုံးရိုက်ကူးရတဲ့ ဇာတ်လမ်းတွဲ အတွက် ရင်ခုန်နေတဲ့ ဒါရိုက်တာသည်ခေတ်နေ

တစ္တေပျောက်ကြော်ငြာဇာတ်လမ်းတွဲက သရဲကားလည်းဖြစ်တယ်။

မကြာခင်ထုတ်လွှင့်တော့မယ့် ရုပ်သံဇာတ်လမ်းတွဲသစ်တစ်ခုဖြစ်တဲ့ တစ္ဆေပျောက်ကြော်ငြာ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးပုံဖော်ထား တဲ့ ဒါရိုက်တာသည်ခေတ်နေ ကတော့ ပထမဆုံးဇာတ်လမ်းတွဲ ဖြစ်တဲ့အတွက် ရင်ခုန်နေတယ်လို့ သိရပါတယ်။

play

 

'' ဒီဇာတ်လမ်းတွဲက သရဲကားလည်း ဖြစ်တဲ့ အတွက် မိတ်ကပ်ပိုင်းနဲ့ပတ်သက်ပြီး အရမ်းဂရုစိုက်ခဲ့ရပါတယ်။ မိတ်ကပ်ဆရာကိုလည်း ကျွန်တော် စိတ်တိုင်းကျတဲ့ ဆရာအောင်ကျော်ထွန်းရဲ့ တပည့်က ကူညီပေးပါတယ်။ ဇာတ်လမ်းတွဲရဲ့ အပိုင်းတိုင်းမှာ Story လေးတစ်ခု ရှိတဲ့ အတွက် ပရိသတ်တွေက ဘယ်အပိုင်းကို ကြည့်ကြည့် စိတ်ဝင်စားစရာတစ်ခုခုတော့ သိရမှာပါ။ နောက်ဆုံးကျရင်တော့ ဇာတ်လမ်းတွဲရဲ့ အချုပ်လေးတွေ ပါလာမှာပါ'' လို့ ဆိုပါတယ်။

play

 

တစ္ဆေပျောက်ကြော်ငြာရုပ်သံဇာတ်လမ်းတွဲကို ဇွန်လ၁၁ ရက်နေ့မှာ MNTV ရုပ်သံလိုင်းက ည ၈ နာရီ အချိန်မှာ ထုတ်လွှင့်သွားမှာ ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ စကားသံတွေကို ဒါရိုက်တာသည်ခေတ်နေက ရင်ခုန်စွာ စောင့်မျှော်နေတယ်လို့ ဆိုပါတယ်။

photo : သည်ခေတ်နေ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ