Local Celebrity: ရုပ်ရှင်ကြိုက် ပရိသတ်များကြောင့် ရုပ်ရှင်ရုံဖွင့်ရကျိုးနပ်ကြောင်း လွင်မိုးပြော

မြန်မာနိုင်တစ်ဝှမ်းမှာ ရုပ်ရှင်ရုံ (၁၀၀)ဖွင့်လှစ်မည့်စီမံကိန်း အကောင်အထည်ဖော်နေတဲ့ အကယ်ဒမီလွင်မိုးက ဖွင့်လှစ်ပြီးသွားတဲ့ ရုပ်ရှင်ရုံတွေ ဟာ ပရိသတ်​အားပေးမှု အပြည့်အဝရရှိခဲ့တာကြောင့် ရုပ်ရှင်ရုံတွေ ဖွင့်လှစ်ရ ကျိုးနပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

play

 

အဲဒါနဲ့ပတ်သက်လို့ လွင်မိုးက “ကျွန်တော်တို့စီမံကိန်းက ရုပ်ရှင်ရုံမရှိတဲ့မြို့မှာ ရုပ်ရှင်ရုံဆောက်တာဖြစ်လို့ အပြိုင်မရှိဘူး။ မုံရွာရုံကတော့ ရလဒ် အရမ်းကိုကောင်းပါတယ်။ ပရိသတ်တွေ ရုံပြည့်ရုံလျှံအားပေးကြတယ်။ သူတို့ကလည်း ရုပ်ရှင်ကို တကယ်ကြည့်ချင်တဲ့သဘောရှိပါတယ်။ နယ်ကပရိသတ်တွေက ရုပ်ရှင်ကို လိုလိုလားလားရှိတော့ ကျွန်တော်တို့ ဖွင့်ရကျိုးနပ်သလို ဝမ်းသာ ပီတိဖြစ်ရပါတယ်။” လို့ ပြောပါတယ်။

play

 

လက်ရှိမှာတော့ တစ်လကို (၂)ရုံနှုန်း ဖွင့်လှစ်နေပြီး လာမယ့် ၂၀၁၈ ခုနှစ်မှာ ရုံ(၁၀၀)စီမံကိန်းပြည့်မီအောင်အကောင်အထည် ဖော် စီစဉ်နေပါတယ်။

ရုပ်ရှင်ရုံတွေဆောက်နေတာနဲ့ပတ်သက်လို့လည်း “ကျွန်တော်တို့သွားတဲ့ပုံစံက ဘယ်လိုလဲဆိုတော့ လူဦးရေတစ်သိန်းခွဲရှိတဲ့နေရာမှာ ရုပ်ရှင်ရုံတစ်ရုံဆောက် တယ်။ အဲဒီဆာဗေးက ဘယ်ကလာလဲဆိုတော့ မဆလခေတ်က လူဦးရေ ငါးသိန်းရှိမှ ရုပ်ရှင်ရုံဆောက်တယ်။ အဲဒီတုန်းက မြန်မာနိုင်ငံမှာ လူသန်း(၂၀)ကျော်ရှိတဲ့အတွက် ရုပ်ရှင်ရုံ(၄၀၀)လောက်ရှိပါတယ်။ အခုကတော့ လူ တစ်သိန်းခွဲကို ရုပ်ရှင်ရုံတစ်ရုံဆောက်တာပါ။ ဒီနှုန်းထားနဲ့ပဲ ကျွန်တော်တို့ရှေ့ဆက်သွားမှာပါ။”လို့ လွင်မိုးက ပြောပါတယ်။

play

 

လက်​ရှိမှာတော့ ရုပ်ရှင်ရုံတွေကို မုံရွာ၊ ဖျာပုံနဲ့ မှော်ဘီမြို့တို့မှာ ဖွင့်လှစ်ခဲ့ပြီး ဇွန်လထဲမှာ အောင်ပန်းမြို့နဲ့ သထုံ မြို့တို့မှာ ဆက်လက်ဖွင့် လှစ် သွားမှာဖြစ်ပြီး ကွင်းဆင်းလေ့လာမှုတွေအရ နယ်ပရိသတ်တွေဟာ

မြန်မာဇတ်ကားတွေပြသမှုကို နိုင်ငံခြားကားတွေထက် ပိုကြိုက်ကြတယ်လို့ သိရပါတယ်။

Source : MMK

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ