Local Celebrity: အခွေသစ်ထွက်ဖို့ ပြင်ဆင်နေတဲ့ မိုးမိုး

မိုးရာသီကို အခြေခံထားတယ်ပေါ့။

အဆိုတော်မိုးမိုးကတော့ အခုလက်ရှိမှာ သူ့ရဲ့ အခွေသစ်ကိုဇူလိုင်လထဲမှာ ပရိသတ်တွေဆီကို အရောက်ပို့မယ်လို့ ဆိုပါတယ်။ "ယာယီအနေနဲ့ကတော့ အခွေနာမည်ကို Raining Day ဆိုပြီးတော့ နာမည်ပေးထားတယ် အရင်တုန်းကလဲ တနင်္ဂနွေမိုးရေစက်များဆိုတဲ့ အခွေလည်း ပေါက်ခဲ့တာဆိုတော့ ဒီတစ်ခွေကလည်း မိုးရာသီလေးကို အခြေခံထားတာပေါ့'' လို့ Duwun Media ကို ပြောပြခဲ့ပါတယ်။

 

''အခွေအသစ်ထဲမှာတော့ အရင်က ကိုယ်တိုင်ရေးကိုယ်တိုင်ဆိုခဲ့ပေမယ့်၊ အခုတော့ အဲ့ဒီလိုမဟုတ်တော့ဘူး တီးတာကတော့ အတီးသမားတွေကို အပ်မယ်၊တီးဝိုင်းသမားတွေနဲ့တိုင်ပင်ပြီးတော့ စီစဉ်မယ်၊ သိပ်တော့ ကြာမယ်မထင်ပါဘူး၊ သီချင်းကလည်း ကျွန်တော့် ဘဝကို ဖော်ကျူးတဲ့ သီချင်းတွေ မပါဘူး၊ ပရိသတ်တွေနဲ့တော့ တိုက်ဆိုင်ချင်ကောင်းတိုက်ဆိုင်မယ်" လို့ သူကဆိုပါတယ်။

play

 

အဆိုတော်မိုးမိုးကတော့ တစ္တေပျောက်ကြော်ငြာ ရုပ်သံဇာတ်လမ်းတွဲမှာ သရဲတစ်ယောက် အနေနဲ့ ပါဝင်ထားပြီးပရိသတ်တွေကတော့ ကွန်ဖူးပန်ဒါ သရဲလို့ အမည်ပေးထားတယ်လို့ ဆိုပါတယ်။ပရိသတ်တွေကို ကြောက်အောင်ခြောက်ချင်သော်လည်း ဒါရိုက်တာက ချစ်စရာကောင်းတဲ့ သရဲပုံစံလုပ်ရမယ်ဆိုလို့ မိတ်ကပ်တွေကို ပြန်ဖျက်ထားပြီး မျက်ကွင်းအညိုနဲ့ နှုတ်ခမ်းနားက သွေးစက်လောက်ပဲ လုပ်လိုက်ရတာ အမှတ်တရပါလို့ အဆိုတော်မိုးမိုးက ဆိုပါတယ်။

 

Photo : မိုးမိုးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ