Local Celebrity: မေမေ့အတွက် ပရိသတ်တွေဆီက အကူအညီတောင်းလိုက်တဲ့ ခွန်းဆင့်နေခြည်

ခွန်းဆင့်နေခြည်ရဲ့မိခင်က ကိုယ်တခြမ်းလေဖြတ်သွားတာပါ။

အဆိုတော် သရုပ်ဆောင် ခွန်းဆင့်နေခြည်ဟာ လေဖြတ်သွားတဲ့ မိခင်ကြီးအတွက် မြန်မာဆရာကောင်းကောင်း သိရင် ကူညီပေးကြပါလို့ အကူအညီတောင်းလိုက်တာ ဖြစ်ပါတယ်။

play

 

ခွန်းဆင့်နေခြည်ရဲ့မိခင်ဟာ လွန်ခဲ့တဲ့တစ်လက သွေးတိုးပြီး ဦးနှောက်သွေးကြောပိတ်ကာ ညာဘက်တစ်ခြမ်း လေဖြတ်သွားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဖြစ်ဖြစ်ချင်း SSC မှာ ဒေါက်တာ ဒေါ်မိမိချိုနဲ့ ကုသခဲ့ပြီး ဆေးရုံမှာ ၂၅ ရက်တက်ခဲ့ရကာ အခု သက်သာလို့ ဆေးရုံက ပြန်ဆင်းနေပြီလို့လည်း သိရပါတယ်။

play

 

ဓ မိခင်အတွက်အစစအရာရာ လိုအပ်ချက်မရှိအောင်ကျွန်မတို့မိသားစုဝင်တွေအားလုံးဂရုတစိုက်နဲ့လုပ်ပေးကြပါတယ် ဆေးရုံတက်ရတဲ့ 25 ရက်အတွင်းမှာ သိန်းတစ်ရာလောက်တော့ကုန်ပါတယ် ဆေးရုံကဆင်းတော့လည်း အိမ်မှာ မေမေအိပ်နေကျ ကုတင်က လေဖြတ်ထားသူတစ်ယောက်အတွက် အဆင်မပြေလို့ ခေါင်ထောင် ခြေထောက်ထောင် တစ်ကိုယ်လုံးမြှင့်တင်လို့ရတဲ့ ဆေးရုံသုံး မော်တာတပ် ကုတင်တစ်လုံးထပ်ဝယ်ပေးပါတယ် ကုတင်က ( 1050000 ) ဆယ်သိန်းငါးသောင်းပေးရပါတယ် Day Night Nurse လည်းမေမေ့အတွက် ဌားပေးထားပါတယ် Nurse လေးတွေကလည်းသဘောကောင်းကြပါတယ် မေမေကိုပုံပြင်တွေလည်းပြောပြကြပါတယ် အခု ဒေါက်တာဒေါ်မိမိချိုက မြန်မာနည်းနဲ့လည်းနှိပ်ပေးရမယ်လို့ပြောပါတယ်" လို့ ခွန်းဆင့်က ရေးထားတာပါ။

play

 

"ကျွန်မတို့ မိသားစုထဲမှာ လေဖြတ်ရောဂါနဲ့ခုမှကြုံဖူးကြရတော့ မြန်မာဆရာနဲ့ အလှမ်းမမှီ ဖြစ်နေပါတယ် မြန်မာနည်းနဲ့နှိပ်ပြီးကုသပေးနိုင်တဲ့ မြန်မာဆရာများကို သိသူများ ကြုံဖူးသူများ အလှမ်းမှီသူများ နားလည်တတ်ကျွမ်းသူများ တဆိတ်လောက်ကျေးဇူးပြု၍လမ်းညွှန်ပေးကြစေလိုပါတယ်ရှင့်...ခွန်းဆင့်ချစ်သောမေမေ့အတွက်ပါ" လို့ ဖေ့စ်ဘွတ်မှာ ရေးသားပြီး အကူအညီတောင်းလိုက်တာ ဖြစ်ပါတယ်။

မိခင်အတွက် တာဝန်ကျေချင်တဲ့ ခွန်းဆင့်နေခြည်ကို Duwun ပရိသတ်ကြီးကလည်း ဝိုင်းဝန်းကူညီပေးလိုက်ကြပါဦးနော်။

Photos : ခွန်းဆင့်နေခြည်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ