Local Celebrity: ကဗျာစာအုပ် မထုတ်ဖြစ်တော့ဘူးဆိုတဲ့ ပိုပို

ဇူလိုင်(၇)ရက်နေ့ ပရိသတ်တွေလက်ထဲ အရောက်ပို့ပေးဖို့ စီစဉ်နေတဲ့ ပိုပိုရဲ့ ကဗျာစာအုပ်တွေကတော့ မထုတ်ဖြစ် တော့ဘူးလို့ သိရပါတယ်။

play

ဖေ့စ်ဘွတ်စာမျက်နှာမှာ ကဗျာဆရာတစ်ယောက်ရဲ့ မကျေမနပ်စကားသံတွေ ထွက်ပေါ်လာပြီးနောက် ပိုပိုက သူမရဲ့ ကဗျာစာအုပ်ကို အကန့်အသတ်မရှိ စာအုပ်ထွက်တာ ရပ်လိုက်ပါပြီလို့ သူမရဲ့ "ပိုပို"ဆိုတဲ့ Page မှာ ရေးသားထားတာ ဖြစ်ပါတယ်။

play

 

ကဗျာရဲရင့်လင်္ကာက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ အပေါ်တွင် ဖော်ပြထားတဲ့ အတိုင်း ပိုပိုရဲ့ ကဗျာစာအုပ်နဲ့ ပတ်သက်ပြီး ရေးသားထားတာ ဖြစ်ပါတယ်။

အဲ့လို ရေးသားထားပြီးနောက်ပိုင်းမှာ ပိုပိုကလည်း စာအုပ်ထွက်ဖို့ကို ရပ်လိုက်ပြီဆိုတာကို သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Duwun Media ကနေ ကဗျာစာအုပ်ကိစ္စနဲ့ ပတ်သက်ပြီး ပိုပို့ကို ယခုလို ဆက်သွယ် မေးမြန်းခဲ့ ပါတယ်။

play

 

"မထွက်ဖြစ်တော့ဘူးဆိုတာ တကယ်ပါ။ အမှာစာကိစ္စကြောင့် မထွက်ဖြစ်တာ့တာပါ။ တခြားကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မပြောချင်တော့ပါဘူး"လို့ ပိုပိုက Duwun Media ကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ပိုပိုရဲ့ ကဗျာစာအုပ်ထဲမှာတော့ နေတိုး၊စိုးမြတ်သူဇာ၊ဒါရိုက်တာသြရသ၊စိုင်းစိုင်းခမ်းလှိုင်၊ဗေလုဝ၊အရိုင်း၊ကျော်ကျော် တို့ရေးသားထားတဲ့ ကဗျာများနဲ့အတူ သူမကိုယ်တိုင်ရေးသားတဲ့ကဗျာများလည်း ပါဝင်တယ်လို့ သိရပါတယ်။

Photo : ပိုပို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ