ကျန်းမာရေးဂရုစိုက်ဖို့ကိုလည်း ပြောထားပါသေးတယ်။

ခင်လေးနွယ်ကတော့ ပရိသတ်တွေ ကျန်းမာရေး ဂရုစိုက်ကြဖို့ကိုလည်း ပြောပြထားပါသေးတယ်။ ကိုယ်ခံအားကောင်းဖို့ အတွက်လည်း လေ့ကျင့်ခန်းလေးလဲ အချိန်ရရင် ရသလောက် လုပ်ကြပါဆိုပြီးတော့လည်း သူမက ဆိုထားပါတယ်။

သူမကိုယ်တိုင်လည်း Balance Fitness မှာ Gym ဆော့နေတဲ့ ပုံလေးတွေ တင်ပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေ သိရအောင် ဖေ့စ်ဘွတ်ကနေ တဆင့် ပြောပြဖြစ်ပါတယ်။

 

အခုလည်း သူမ Gym ဆော့နေတဲ့ ပုံလေးတွေကို တင်ပြီး ပရိသတ်တွေ ကျန်းမာရေး ဂရုစိုက်ဖို့ ပြောထားပါတယ်။ သူမရဲ့ ပုံလေးတွေကိုလည်း Duwun ပရိသတ်များအတွက် မျှဝေပေးလိုက်ပါတယ်။

အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိတော့ပေမယ့် ပရိသတ်အားပေးမှု ရရှိထားတဲ့ သူမကတော့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် နေသူလည်း ဖြစ်ပါတယ်။

 

စီးပွားရေးဘက် ဦးစားပေး လုပ်ဖြစ်နေတဲ့ သူမက ဒီဇိုင်သင်တန်းကိုလည်း တက်နေပါတယ်။ ခင်လေးနွယ်ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုကတော့ သိပ်မရှိတော့ပါဘူး။ ပွဲလေးတွေလောက်ပဲ တက်ဖြစ်နေတဲ့ သူမက သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ဖက်ရှင်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီဖက်ရှင်ဆိုင် နာမည်ကတော့KAY Fashion & Fabric House ဆိုတဲ့ ဆိုင်လေး ဖြစ်ပါတယ်။ ခင်လေးနွယ်ကတော့ အခုထက်ရှိ ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ခင်လေးနွယ် ဖေ့စ်ဘွတ်

Share

Loading Next Article...
က္က