Local Celebrity: အကြမ်းဖက်ခံ ရခိုင်တိုင်းရင်းသားတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့ နေတိုး

သွားရောက်လှူဒါန်းဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အစွန်းရောက်အကြမ်းဖက် ဘင်္ဂါလီသောင်းကျန်းသူများကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် သရုပ်ဆောင် နေတိုးက စိတ်မကောင်းဖြစ်လို့နေပါတယ်။ ရခိုင်တိုင်းရင်းသားတွေအတွက် နှင်းဆီဖောင်ဒေးရှင်းကနေ သွားရောက်လှူဒါန်းဖို့ ရှိတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ နေတိုးက မေမြို့ကို ရောက်နေပါတယ်တဲ့။

play

 

ဒီလိုကိစ္စတွေ ဖြစ်နေတဲ့အတွက်ရခိုင်လူမျိုးတစ်ယောက်ဖြစ်တာကြောင့် စိတ်ထိခိုက် ရကြောင်းနဲ့ ရခိုင်တစ်မျိုးသားလုံး အမြန်ဆုံးဒုက္ခမှ လွတ်မြောက်ဖို့ကိုလည်း နေတိုးအနေနဲ့ နေ့စဉ်နဲ့အမျှ ဆုတောင်းပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

"ကိုယ့်သွေးရင်းသားရင်းလို ဖြစ်နေတော့ ခံစားမှုကတော့ ကိုယ်တိုင်ခံစားရသလိုပါပဲ။ အ မြန်ဆုံး ဒီဒုက္ခကနေ ကင်းလွတ် နိုင်ဖို့ ဆုလည်းတောင်းပေးတယ်။  အရမ်းလည်း စိတ်မကောင်းဖြစ်ရ တယ်။ ကိုယ့်ညီအစ်ကိုမောင်နှမ တွေ ဒီလိုမျိုးဖြစ်နေတယ်။ ဒုက္ခ တွေရောက်နေတာကို ကြားရ၊ တွေ့ရ၊ မြင်ရတော့ အရမ်းလည်း ဝမ်းနည်းမိတယ်။

 

အရမ်းလည်း စိတ်မကောင်းဖြစ်မိတယ်။ ဒီဒုက္ခ တွေ လွန်မြောက်ပြီးတော့ စိတ် ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ ကိုယ့် ပြည်နယ်အတွင်းမှာ အေးအေး ချမ်းချမ်းနဲ့ အမြန်ဆုံးနေနိုင်ပါစေ လို့ ကျွန်တော်က ဆုတောင်းပါ တယ်။ အဲဒီလိုမျိုးနေနိုင်ဖို့ကို လည်း သူတို့ရဲ့ လိုအပ်တဲ့ လိုအပ် ချက်တွေ ကူညီထောက်ပံ့မှုတွေ ကိုလည်း ကျွန်တော်တို့အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ဖြည့် ဆည်းပေးသွားဖို့ ရှိပါတယ်’’ ဆိုပြီး 7day Daily မှာ ဖြေဆိုထားပါတယ်။

Postby

 

နေတိုးကတော့ လက်ရှိအချိန်တွင် နှင်းဆီအဖွဲ့သားများနဲ့အတူ ပြင်ဦးလွင်မှာ Rose Rider ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးလျက်ရှိပြီး ရခိုင်အကြမ်းဖက်ခံ ပြည်သူပြည်သားများအတွက် လှူဒါန်းဖို့ကို စက်တင်ဘာလဆန်းလောက် ရန်ကုန်သို့ ပြန်လည်ရောက်ရှိမယ် လို့ သိရပါတယ်။

Photo : နေတိုး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ