Local Celebrity: ရခိုင်တိုင်းရင်းသားတွေအတွက် လှူဒါန်းဖို့ စီစဉ်နေတဲ့ အေးဝတ်ရည်သောင်း

ကိုယ်တိုင်သွားဖို့ကတော့ မသေချာသေးပါဘူး။

သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ ရခိုင်ကို ကိုယ်တိုင်သွားလှူဖို့ မသေချာပေမယ့် ရခိုင်တိုင်းရင်းသားတွေအတွက် လှူဒါန်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ပရဟိတသမား ဖြစ်တဲ့ ခင်နှင်းကြည်သာနဲ့ တိုင်ပင်ကာ အစွန်းရောက်အကြမ်းဖက် ဘင်္ဂါလီသောင်းကျန်းသူများကြောင့် ထွက်ပြေးတိမ်း ရှောင်နေရတဲ့ ရခိုင်တိုင်းသားတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်သွားမယ်လို့ ဖေ့စ်ဘွတ်ရဲ့ My Story ကနေ Live တဲ့ အချိန်မှာ ပရိသတ်တွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

play

 

ပရိသတ်တွေနဲ့ စကားပြောနေချိန်မှာ ပရိသတ်တစ်ဦးက ရခိုင်တွေတိုင်းရင်းသားတွေအတွက် တစ်ခုခုမလုပ်လားလို့ မေးလိုက်တဲ့ မေးခွန်းကို အေးဝတ်ရည်သောင်းက ပြန်ပြောပြခဲ့တာဖြစ်ပါတယ်။

သူမရဲ့ အလှူအစီစဉ်ကို ပြောပြခဲ့သလို ပရိသတ်တွေဆီကလည်း ဘာတွေလှူဒါန်းဖို့ လိုအပ်လဲဆိုတာကို အကြံဥာဏ်ပြန်တောင်း ခဲ့ပါတယ်။

play

 

အေးဝတ်ရည်သောင်းအနေနဲ့ ရခိုင်သို့ ကိုယ်တိုင်သွားပြီး လှူချင်ပေမယ့် ဒီကသွားဖို့ အဆင်မပြေသလို ဟိုမှာ ရှိတဲ့လူတွေကလည်း လာဖို့မဆင်မပြေသေးဘူးလို့ ပြောတာကြောင့် ကိုယ်တိုင်သွားဖို့အဆင်မပြေကြောင်းလည်း ပြောပြထားပါတယ်။

သွားလှူမယ့် အချိန်ကိုလည်း သူမရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်ကနေ  ပရိသတ်တွေကို အသိပေးသွားမယ်လို့ ပြောပြထားပါသေးတယ်။

Postby

 

အေးဝတ်ရည်သောင်းကတော့ ယခုလက်ရှိပုဂံကို ရောက်နေတယ်လို့ သိရပါတယ်။ မင်္ဂလာရှိသောအရပ် ဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးလျက် ရှိပါတယ်။

သရုပ်ဆောင် အေးဝတ်ရည်သောင်းရဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ရွှေလွန်းသံ ပိုးချည်တိုက်ကို အမှတ် ၃၃၆ ဂန့်ဂေါ်ရိပ်သာလမ်း နှင့် ငါးကျမ်းပြန်ကျောင်းလမ်းထောင့်၊ သင်္ကန်းကျွန်းမြို့နယ်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ရွှေချည်လွှာ Cotton House ဆိုင်လေးကို တော့ အမှတ် ၉၉၊ လှည်းတန်းလမ်းမ၊ အထက ၅ကျောင်းရှေ့ မှာ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

Photo : အေးဝတ်ရည်သောင်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ