Local Celebrity: ရေကြီးကမ်းပြိုတဲ့နေရာတွေကို သွားလှူခဲ့တဲ့ ခိုင်နှင်းဝေ

တစ်အိမ်ချင်းစီ ပစ္စည်းများ လိုက်လံလှူဒါန်းပေးခဲ့ပါတယ်။

အနုပညာအလုပ်တွေနဲ့တူ ပရဟိတအလုပ်တွေကို အားတက်သရော လုပ်ကိုင်လျက်ရှိတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ရေကြီးကမ်းပြိုတဲ့ နေရာများကို သွားရောက်လှူဒါန်းခဲ့ပါတယ်။

သူမသွားရောက်လှူဒါန်းခဲ့တဲ့ နေရာကတော့ ပဲခူးတိုင်းအစပ် ဧရာဝတီမြစ်မကြီးထဲ အသွားအပြန် (၉)နာရီ ကြာမြင့်တဲ့ ရေလယ်ကျွန်းရွာ ကမ်းပြိုရွာသို့ သွားလှူခဲ့တာ ဖြစ်ပါတယ်။

play

 

အိမ်ထောင်စု တစ်စုအတွက် ဆီ(၅၀)သား ၊ အသားတု(၁)ပိဿ၊ မုန့်(၁)ထုပ်၊ ငါးခြောက်ကြော်ဗူး၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ဆပ်ပြာမှုန့် နဲ့အမျိုးသမီးအသုံးအဆောင် ပစ္စည်းများကို သြဂုတ်လ(၂၉)ရက်နေ့က သွားရောက်လှူဒါန်းခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်

စာမျက်နှာမှာ လွန်ခဲ့တဲ့ (၁)နာရီလောက်က ရေးသားထားပါတယ်။

play

 

သူမသွားရောက်လှူဒါန်းတဲ့ နေရာဟာ ကုန်းမြေမရှိပဲ ရေကြီးကမ်းပြိုတဲ့နေရာဖြစ်လို့ တစ်အိမ်ချင်းစီပစ္စည်းများ လိုက်လံလှူဒါန်း ပေးခဲ့တယ်လို့ ဆိုပါတယ်။

သူမရဲ့ ဓာတ်ပုံများကိုလည်း ပရိသတ်များအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

play

 

ခိုင်နှင်းဝေကတော့ ပြီးခဲ့သော လပိုင်းလောက်က သွေးလုံးသားလုံး  (Myoma) ရောဂါကြောင့် ဆေးကုသမှု ခံယူခဲ့ရပါသေးတယ်။

ခွဲစိတ်ကုသမှုကို .SSC Women's Canter မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဇူလိုင်(၈)ရက်နေ့က ဆေးရုံတက်ခဲ့ရပြီး ဇူလိုင်(၉)ရက်နေ့ နံနက်ပိုင်းမှာ ခွဲစိတ်ကု သမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။ ဇူလိုင်(၁၂)ရက်နေ့မှာ ခိုင်နှင်းဝေက လမ်းစလျှောက် နိုင်ပြီ ဖြစ်ကာ ယနေ့ ဇူလိုင်(၁၄)ရက်နေ့မှာတော့ ဆေးရုံကတောင် ဆင်းခွင့်ရရှိခဲ့ပါတယ်။

Postby

 

ဆေးရုံက ဆင်းပြီးနောက်ပိုင်းမှာလည်း သူမအနေနဲ့ အနုပညာအလုပ်များနဲ့ ပရဟိတအလုပ်များကို ဆက်တိုက် ပြန်လည်လုပ်ကိုင်လာတာတွေ့ရပါတယ်။

Photo : ခိုင်နှင်းဝေ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ