Local Celebrity: ရုပ်ရှင်ဇာတ်ကား ရိုက်ဖို့ မြန်မာနိုင်ငံသို့ ပြန်လာတော့မယ့် ဥက္ကာမင်းမောင်

ကာရိုက်တာ အရမ်းမိုက်တယ်လို့ ပြောပါတယ်။

အမေရိကမှာ အနေများနေတဲ့ ဥက္ကာမင်းမောင်ကတော့ (၁၀)လပိုင်းလောက်မှ မြန်မာနိုင်ငံသို့ ပြန်လာတော့မယ်လို့ ဆိုပါတယ်။ သူ့ကို ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ကူးဖို့ ချိတ်တာကြောင့် (၁၀)လပိုင်းထဲမှာ အစောပြန်လာဖြစ်မယ်လို့ သူက ပြောပါတယ်။

သူရိုက်မယ့် ရုပ်ရှင်ကတော့ ဇာတ်လမ်းကော ကာရိုက်တော မိုက်တယ်လို့ ပြောပါတယ်။

play

 

"ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ဖို့ ချိတ်လို့ ၁၀ လပိုင်းထဲ စောပြီးပြန်လာပါမယ်.။  ဇာတ်လမ်းရော ကာရိုက်တာရော မိုက်တယ်.. ကြမ်းတယ်.. ဒါရိုက်တာက ဗီလိန်ကာရိုက်တာ လုပ်ရဲလားတဲ့။ ကျွန်တော် မရိုက်ရဲမလုပ်ရဲတာ မရှိသလောက်ပဲလို့.. အနုပညာအလုပ်ကလဲ ကိုယ် အမေရိကား မပြန်မဖြစ် အခြေအနေတွေကြောင့် ရိုက်လိုက်ပြတ်လိုက်ဖြစ်ဖြစ်သွားတာ။ အခွင့်အရေးတွေ အများကြီး လက်လွှတ် ဆုံးရှူံးသွားခဲ့တာတွေ နှမြောပေမယ့် မတတ်နိုင်ဘူးလေ။

play

 

 

ဇာတ်လမ်းတွဲတခု လာကမ်းလှမ်းပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မရိုက်ဖြစ်.. ရိုက်ဖြစ်ရင် အဲ့ထက်စောပြန်လာရဦးမှာ.. အခုဒီဇာတ် ကားမှာ ဇာတ်လမ်းလုပ်ကွက်ကောင်းကောင်းပေးပြီး ငွေရောင်ပိတ်ကားထက် ပြန်ရောက်ခွင့်ရတဲ့ အတွက်လဲ ဒါရိုက်တာနဲ့ ထုတ်လုပ်သူတို့ကို ကျေးဇူးအများကြီးတင်ပါတယ်။ ကာရိုက်တာပီပြင်အောင် ကြိုးစားပါမယ်။ ဒီတခါမြန်မာပြည်မှာ တော်တော် လေးကြာပါမယ်.။ အားလုံးနဲ့တွေ့မယ့်နော်" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၂၉)ရက်နေ့က ရေးသားထားပါတယ်။

Postby

 

သူ့ရဲ့ ဇာတ်ကားတွေကို မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် ပျော်စရာ သတင်းကောင်း တစ်ခုပါပဲ။ ဥက္ကာမင်းမောင်ကတော့ Mister Tourism World 2016 ရဲ့ Winner တစ်ယောက်ဖြစ်ခဲ့ပါသေးတယ်။

သူပါဝင်ထားပြီး ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးထားတဲ့ မေထုန်ရာသီဖွား ရုပ်ရှင်ဇာတ်ကားဟာလည်း ပရိသတ်များရဲ့ ကြိုက်နှစ်သက်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Photo : ဥက္ကာမင်းမောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ