Local Celebrity: ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ပြန်ဖြေရှင်းလိုက်တဲ့ သားငယ်

ရခိုင်တိုင်းရင်းသား ကိစ္စရပ်များနဲ့ ပတ်သက်ပြီး ဝေဖန်မှုတချို့ကို ခံနေရတာ ဖြစ်ပါတယ်။

ရခိုင်အရေးကိစ္စရပ်များနဲ့ ပတ်သက်ပြီး သားငယ်ငြိမ်လှချည်လား၊ Vote ပေးရကျိုး မနပ်လိုက်တာဆိုတဲ့ ဝေဖန်မှု တချို့ကို သားငယ်ခံ နေရပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ အဆိုတော် သားငယ်တစ်ယောက် သူ့ရဲ့ ဖေ့စ်ဘွတ်ကနေတစ်ဆင့် သြဂုတ်(၂၉)ရက်နေ့ညက ပြန်ဖြေရှင်းခဲ့ပါတယ်။

play

 

မြန်မာနိုင်ငံသား ရခိုင်လူမျိုးတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံနဲ့ လူမျိုးကို ထိရင်နာတတ်ပါတယ်တဲ့။ ဒါကြောင့်လည်း လိုအပ်တဲ့နေရာတွေမှာ ပါဝင်နိုင်အောင် အထူးသဖြင့် အခုလို အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာရင် ကူညီနိုင်ဖို့ "သားငယ်ဖောင်ဒေးရှင်း" ဆိုတာ သပ်သပ်ရှိတယ်ဆိုပြီး ယခုလို ပြောပြထားပါတယ်။

"ကျွန်တော် စစ်တွေမှာ ကိုယ့်ပြည်နယ်အတွက်(အဲ့လိုပြောရင်လည်းတစ်နိုင်ငံလုံးက တစ်ဘို့တည်းသမားလို့ပြောခံရပါလိမ့်မယ် နေပါစေ) လိုအပ်တဲ့နေရာမှာ ပါဝင်နိုင်အောင်လို့ အထူးသဖြင့် ခုလို အကြမ်းဖက်မှုတွေပေါ်ပေါက်ရင် ကူညီနိုင်ဖို့ သားငယ်ဖောင်းဒေးရှင်း ဆိုတာသပ်သပ်ရှိတယ်။ အဖွဲ့ဝင်တွေကိုမေးကြည့်နိုင်တယ် ဒါပေမယ့် စဖွဲ့တဲ့နေ့ကတည်းက ကျွန်တော်သိုသိုသိပ်သိပ်ပဲထားတယ် ကြီးကြီးကျယ်ကျယ်လုပ်တယ်ဖြစ်မှာစိုးလို့ လိုအပ်ရင် အမြဲအသင့်ရှိပြီးသား ခုလည်းစီစဉ်ပြီးသား အဲ့ဒါကျွန်တော်စေတနာ အသိအမှတ်မ ပြုလည်း ကိစ္စမရှိပါဘူး။ ကိုယ့်လူမျိုးတွေအဆင်ပြေရင် ကျနော်ကျေနပ်ပြီ။ မဝေဖန်ခင်တော့ အရင်လေ့လာပါဗျာ။ ကျွန်တော်လုပ်ပြချင်ရင် အများကြီးလုပ်ပြလို့ရပါတယ်ဗျ။စာရေးတာအစီအငေါ်မတဲ့ရင်လည်းခွင့်လွှတ်ဗျာအဲ့ဒါကျနော့်စိတ်ရင်းပဲ" ဆိုပြီး ရေးသားထားပါတယ်။

သူ့အနေနဲ့ တော်ရုံဝေဖန်တာတွေလောက်ကို ဖြေရှင်းလေ့မရှိပေမယ့်လည်း ယခုလို ကိစ္စအတွက်တော့ နည်းနည်းရေးပါရစေဆိုပြီး ပြန်ဖြေရှင်းထားတာ ဖြစ်ပါတယ်။

"တော်ရုံဝေဖန်တာတွေလောက်ကို ကျွန်တော်ဖြေရှင်းလေ့မရှိပါဘူး။ ဒါပေမယ့် ခုတော့နည်းနည်းရေးပါရစေ"ရခိုင့်အရေးမှာ သားငယ်ငြိမ်လှပါ လား"Vote ပေးရကြိုးမနပ်လိုက်တာ""ဘယ်သူကတောင်ဘာလှုတာ ဘယ်လောက်လှုတာ"ထားပါ။ ဒါသာဓုခေါ်သင့်တဲ့ကိစ္စလေ ကျွန်တော်မုဒိတာပွားပါတယ်။ ဒါပေမယ့် ခင်ဗျားတို့(ဝေဖန်သူတွေကိုပြောတာ) ဘုမသိဘမသိ မှန်းရမ်းပြီးမစွတ်စွဲနဲ့ဗျ ကျွန်တော်မြန်မာနိုင်ငံ သား (ရခိုင်လူမျိုး) ကိုယ့်နိုင်ငံသားကိုထိရင်နာတယ် (ကိုယ့်လူမျိုး ထိတော့ ပိုဆိုးပေါ့)" ဆိုပြီးလည်း ပြောပြထားပါသေးတယ်။

play

 

ပရိသတ်များကတော့ ဝေဖန်တာတွေကို ဂရုမစိုက်ပဲ ကိုယ့်လုပ်စရာရှိတဲ့အလုပ်ကို ဆက်လုပ်ဖို့ အားပေးစကားတွေကို သားငယ်ရဲ့ ပို့စ်အောက်မှာ ပြောထားပါတယ်။

သားငယ်ကတော့ Myanmar Idol Winner တစ်ယောက်ဖြစ်ပြီး ယခုလက်ရှိ ပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။

Photo  : သားငယ် ဖေ့စ်ဘွတ်

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ