Local Celebrity: ရှေ့တန်းပြန် စစ်သားတွေကို သပြေခက်နဲ့ ကြိုဆိုခဲ့တဲ့ အေးမြတ်သူ

ကြည်နူးစရာ မြင်ကွင်းလေးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ပြည်ကို ဇာတ်ကားရိုက်ကူးဖို့အသွား လမ်းမှာ အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားတွေနဲ့ အေးမြတ်သူတစ်ယောက် ဆုံတွေ့ခဲ့ပါတယ်။ အဲ့လို ကြုံတွေ့ခဲ့တဲ့ အေးမြတ်သူကတော့ စစ်သားတွေကို သပြေခက်နဲ့ ကြိုဆိုခဲ့ပါသေးတယ်။

ကြည်နူးစရာ မြင်ကွင်းလေးကိုလည်း ပရိသတ်တွေ တွေ့မြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

play

 

အေးမြတ်သူကတော့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ သူမရဲ့ ဖေ့စ်ဘွတ်မှာလည်း ယခုလို စာသားလေးကို ယခုလို ရေးသားထားပါတယ်။

"လောက်ကိုင် မှာ ၈လကြာ ၉လ နီးပါး တာဝန်ထမ်းဆောင်ပြီး မိခင်တပ်ရင်း ကို ပြန်လာတဲ့ ရှေ့တမ်းပြန်စစ်သားကြီးတွေပါ။ မိသားစုအတွက်ခဏတာအချိန်လေးတွေပေးပြီးရင်ရခိုင်ပြည်ကြီးအတွက် ပြည်ထောင်စုတိုင်းရင်းသား တွေ ကို စောင့်ရှောက်ရန်အတွက် တာဝန်တွေထမ်းဆောင်ပေးကြပါဦးရှင်။"ဆိုပြီး ပြောထားပါတယ်။

Postby

 

အေးမြတ်သူကတော့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေသလို ယခုလက်ရှိလည်း ဇာတ်ကားရိုက်ကူးမှုတွေ ပြလုပ်လျက်ရှိပါတယ်။

သူမရဲ့ အနုပညာလှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ဖေ့စ်ဘွတ်ကနေ ပြောပြလေ့ရှိပြီး လက်ရှိမှာ အနုပညာလှုပ်ရှားမှုအပြင် လူကြိုက်များပြီး တန်ဖိုးသင့်တဲ့ FGM ချိတ်လှလှလေးတွေကို အေးမြတ်သူရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျကနေ ရောင်းပေးနေတာ တွေ့ရပါတယ်။

Photo : အေးမြတ်သူ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ