Local Celebrity: ပရိသတ်တွေအတွက် ဖေ့စ်ဘွတ်အကောင့်ဖွင့်လိုက်တဲ့ မြင့်မြတ်

ယခင်က ဖေ့စ်ဘွတ်လုံးဝမသုံးခဲ့ပါတယ်။

မြင့်မြတ်ကိုယ်တိုင်သုံးတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဖော်ပြပေးလိုက်ပါတယ်။ အကောင့်ပျက်သွားမှာစိုးလို့ ဖြည်းဖြည်းတော့ Add ကြပါနော်။

သရုပ်ဆောင် မြင့်မြတ်ကတော့ ပရိသတ်တွေအတွက် ဖေ့စ်ဘွတ်အကောင့်အသစ်တစ်ခုကို သြဂုတ်လ(၂၉)ရက်နေ့က ဖွင့်ခဲ့ပါတယ်။ ဒါပေမယ့် သြဂုတ်(၃၀)ရက်နေ့ မနက်မှာတော့ အကောင့်ပျက်သွားခဲ့တာကြောင့် အသစ်တစ်ခု ထပ်ဖွင့်ထားတယ်လို့ သိရပါတယ်။

play

 

အဲ့ဒီဖေ့စ်ဘွတ်အကောင့်နာမည်ကိုလည်း အင်္ဂလိပ်လို မြင့်မြတ်ဆိုတဲ့ နာမည်နဲ့ သြဂုတ်လ(၃၀)ရက်နေ့ မနက်ပိုင်းက ထပ်ဖွင့်ခဲ့ပါတယ်။ ပရိသတ်တွေကို ဖြည်းဖြည်းချင်း လက်ခံသွားမယ်လို့လည်း ရွှေမှုံရတီ Live လွှင့်တဲ့အချိန်က မြင့်မြတ်က သူ့ရဲ့ ပရိသတ်တွေကို

ပြောပြခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်များအနေနဲ့လည်း အကောင့်ကို ဖြည်းဖြည်းအပ်ကြပါတဲ့။ သူလည်း ဖြည်းဖြည်းချင်း လက်ခံသွားပါ့ မယ်ဆိုပြီး ပြောထားပါတယ်။

play

တစ်နေ့တည်း အများကြီးလက်ခံလိုက်ရင် အကောင့်ပြန်ပျက်သွားမှာ စိုးလို့ပါဆိုပြီး ယင်းLive ထဲမှာ ပြောပြထားတာ ဖြစ်ပါတယ်။

မြင့်မြတ်ရဲ့ အနုပညာအသိုင်းအဝိုင်းထဲက သူငယ်ချင်းတွေကတော့ သူ့ကို ဖေ့စ်ဘွတ်အကောင့်ဖွင့်ဖို့ ပြောခဲ့တာ ကြခဲ့ပါပြီ။ အခုမှပဲ အကောင့်ဖွင့်လိုက်တာ ဖြစ်လို့ ပျော်နေသလို ဒီအကောင့်ကိုလည်း မပျက်စေနဲ့တော့ဆိုပြီး ပြောထားတာတွေလည်း ရှိပါတယ်။

play

 

မြင့်မြတ် ဖေ့စ်ဘွတ်အကောင့်ကြည့်ရန်

သရုပ်ဆောင်မြင့်မြတ်ကတော့ ရွှေမှုံရတီတို့နဲ့အတူ "Selfie" ဆိုတဲ့ ဇာတ်ကား ရိုက်ကူးနေတယ်လို့ သိရပါတယ်။

မြင့်မြတ်(Myint Myat)ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီး  ဒရာမာကားများနဲ့ ပရိသတ် များ အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်သလို  ဟာသဇာတ်ရုပ်များလည်း ပရိသတ်အားပေးမှု ရရှိထားသူ ဖြစ်ပါတယ်။

play

 

အခု နောက်ပိုင်းလည်း အက်ရှင်ဇာတ် ကားများ နဲ့လည်း ပရိသတ်ရရှိထားပြန်ပါတယ်။ 

မြင့်မြတ်က တော့ ဖေဖော်ဝါရီ(၁၅)ရက်နေ့က အိမ်ထောင်ပြုခဲ့တာဖြစ်ပြီး မခင်သူအောင်နဲ့ ချစ်သူသက်တမ်း (၅)နှစ်ကျော် ကာလမှာ အိမ်ထောင်ပြုခဲ့တာ ဖြစ်ပါတယ်။

Postby

 

Photo : မြင့်မြတ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ