Local Celebrity: ပုံအသစ်တွေ တင်လိုက်တဲ့ ဝတ်မှုံရွှေရည်

ပုံတင်လို့ ပူဆာနေတဲ့ ပရိသတ်တွေအတွက်ပါတဲ့။

သရုပ်ဆောင် ဝတ်မှုံရွှေရည်ကတော့ ပရိသတ်တွေအတွက် ဓာတ်ပုံအသစ်လေးတွေ တင်လိုက်ပါတယ်။ ပုံတင်ပါလို့ ပူဆာနေကြတဲ့ ပရိသတ်တွေအတွက် တင်ပေးလိုက်တာလို့ ဆိုပါတယ်။

ဂျပန်မှာ ဇာတိမြေ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့အတွက်ရောက်ရှိနေတဲ့ သူမက ပုံရိပ်လေးတွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ တင်ထားသလို အလှဓာတ်ပုံလေးတွေကိုလည်း တင်ထားတာ တွေ့ရပါတယ်။

play

 

ဂျပန်ရောက် မြန်မာမလေးရဲ့ အလှကို ပရိသတ်တွေ တွေ့မြင်ရအောင်လို့ Duwun ပရိသတ်များ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ဇာတိမြေရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုကတော့ နှစ်ရက်တိုင်တိုင်ရှိလို့နေပါပြီ။ သြဂုတ်လ(၂၅)ရက်နေ့ကတည်းက ဂျပန်သို့ ရောက်နေတဲ့ သူမက သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေ တွေ့မြင်နိုင်အောင် သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ တစ်ဆင့်ပြောပြ လျက်ရှိပါတယ်။

play

 

ဇာတိမြေ ရုပ်ရှင်ဇာတ်ကားမှာတော့ ရန်အောင်၊ အောင်ရဲလင်း၊မိုရီဆာကီဝင်း၊ ၀တ်မှုံရွှေရည် တို့နဲ့အတူ ရိုက်ကူးသွားမှာ ဖြစ်ပြီး အဲ့ဒီ ဇာတ်ကားကိုတော့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပုံဖော်သွားနေတာလည်း ဖြစ်ပါတယ်။

 

အဲ့ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရမယ့် သူမရဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး Duwun Media ကို ယခုလို ဖြေဆိုပေးထားပါတယ်။

"ကစ်ရဲ့ကာရိုက်တာကကျတော့ ဂျပန်မှာမွေးပြီး ဂျပန်မှာ ကြီးတော့ ကောင်မလေးက ဂျပန် culture ကိုပဲ ကြိုက်နှစ်သက်တယ်။ ဂျပန်မှာပဲ နေရတာပျော်တယ်။ မြန်မာပြည်ကို မပြန်ချင်ဘူး။ အဲလို ကောင်မလေးမျိုးပေါ့။ ဒီထဲကကောင်မလေးက ထက်မြက်တယ်။ သူ့အလုပ်သူလုပ်တယ်။ သူ့ဟာသူ ကျောင်းတက်တယ်။ သူ့ပိုက်ဆံသူရှာတယ်။ ကျောင်းစရိတ်ကိုလည်း သူ့ဟာသူ ရှာတယ်။ အဲဒီလိုမျိုး မိန်းကလေးပေါ့နော်" လို့ သူမက ဆိုပါတယ်။

play

 

ယင်းရုပ်ရှင်ဇာတ်ကားဟာ ဂျပန်မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကို ဦးတည်ပြီး MNTV ရုပ်သံလိုင်းနဲ့ Japan JIB( Japan International Broadcasting Inc.)တို့ ပူးပေါင်းပြီး ရိုက်ကူးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ အဲ့ဒီ ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံ နှစ်နိုင်ငံလုံးမှာ ရိုက်ကူးသွားမယ်လို့လည်း သိရပါတယ်။

Postby

 

Photo : ဝတ်မှုံရွှေရည် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ