Local Celebrity: သားအတွက် ဂုဏ်ယူမိတယ်လို့ ဆိုလာတဲ့ ရဲအောင်

တက္ကသိုလ်ဝင် စာမေးပွဲမှာ ဂုဏ်ထူးငါးခုနဲ့ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ အနုပညာအသိုင်းအဝိုင်းက ဂုဏ်ထူးရ ကျောင်းသား ၊ကျောင်းသူများအတွက် ဆုချီးမြှင့်တဲ့ပွဲမှာ သရုပ်ဆောင်ရဲအောင်ရဲ့ သားလေးလည်း ပါဝင်ခဲ့ပါတယ်။

သရုပ်ဆောင် ရဲအောင်ရဲ့ တစ်ဦးတည်းသော သားမောင်ကောင်းတေဇာနိုင်ဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူးငါးခုနဲ့ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ အောင်မြင်ခဲ့တာပါ။

play

 

ယခုလို သားလေးရဲ့ အောင်မြင်မှုအတွက်ကိုလည်း ဖခင်ဖြစ်သူ ဦးရဲအောင်က ဂုဏ်ယူလို့ နေပါတယ်။

"သားလေး ဆယ်တန်းစာ မေးပွဲကို ဂုဏ်ထူးငါးခုနဲ့ အောင် တဲ့အတွက် အရမ်းဝမ်းသာပါ တယ်။ ဖခင်တစ်ယောက်အနေနဲ့ ဂုဏ်လည်းဂုဏ်ယူတယ်။ အဓိက ကတော့ ကျွန်တော်ကတော့ သူ စာမေးပွဲဖြေတဲ့အချိန်မှာ ရန်ကုန် မှာလည်းမရှိဘူး။ ဇာတ်လမ်းတွဲ တွေရိုက်နေတဲ့အချိန်ဆိုတော့ ကျွန်တော့်အမျိုးသမီးကပဲ အနီး ကပ်စောင့်ရှောက်ပေးတယ်၊ သင်ကြားပေးတယ်။ သားလေးကို ဂရု စိုက်ပေးကြတဲ့ ဆရာ၊ ဆရာမ တွေ အားလုံးကိုလည်း ကျေးဇူး တင်ပါတယ်။ ဝမ်းသာပါတယ်ခင် ဗျာ’’လို့ ဆိုပါတယ်။

play

 

သားမောင်ကောင်းတေဇာနိုင်ဟာ မြန်မာစာကလွဲပြီး အခြားဘာသာငါးခု ဂုဏ်ထူးထွက်ရှိခဲ့ပြီး ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး ကျောင်းက အောင်မြင်ခဲ့တာလည်း ဖြစ်သလို အမှတ်ပေါင်း ၅၂၆မှတ် ရရှိခဲ့ပြီး ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်ထားကြောင်း သိရပါတယ်။

ရဲအောင်အနေနဲ့ သားဖြစ်သူကို ပညာရေးအတွက်ကိုသာ အဓိက ဦးစားပေးသွားမှာဖြစ်ပြီး နောက်ပိုင်းသူဝါသနာပါရာကို ပံ့ပိုးပေးမှာလို့ ဆိုပါတယ်။

Postby

 

Source  & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ