Local Celebrity: မောင်နှမလေးယောက် အတူတူရှိချိန်က ရွှေလိုပဲ ရှားတယ်လို့ ဆိုလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

, updated

မောင်နှမလေးတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်လေးကို ရေးသားထားပါတယ်။

မိန်းကလေး ပရိသတ်များရဲ့ အသည်းကျော် စိုင်းစိုင်းကတော့ သူ့ရဲ့ မောင်နှမလေးတွေနဲ့ ပတ်သက်ပြီး ခံစားချက်လေးကို သူ့ရဲ့ ဖေ့စ်ဘွတ် ပေါ်မှာ ယခုလို ရင်ဖွင့်ခဲ့ပါတယ်။

ဆယ်တန်းပြီးကတည်းက မောင်နှမလေးယောက်း အတူတူရှိတဲ့အချိန်ဆိုတာ ရွှေလိုပဲ ရှားတယ်တဲ့။ အခုလည်း လန်ဒန် မှာ အတူတူဆုံခဲ့ပြီး ဘယ်နေ့ ပြန်ဆုံမယ်ဆိုတာ မသိ နှုတ်ဆက်ခဲ့ရပြန်ပြီဆိုပြီး ရေးသားထားပါတယ်။

play

 

"ဆယ်တန်းပြီးကတည်းက မောင်နှမလေးယောက်အတူတူရှိတဲ့ အချိန်ဆိုတာ ရွှေလိုပဲ ရှားတယ်။တက္ကသိုလ်တက်တော့လည်း တစ်ယောက် တစ်မြို့ တစ်ယောက်တစ်ရွာ တစ်ယောက်တစ်နေရာ ရေကြည်ရာ မြက်နုရာ အဲဒီနောက်ပိုင်း လေဆိပ်တွေဆိုတာ ပြန်ဆုံရင် ပျော်ရွှင်စရာ လိုက်ပို့ရင် ကြွေချင်စရာ  တခါတခါဆို လေဆိပ်တစ်ခုတည်းကနေ တစ်ယောက်လေယာဉ်တစ်စီးပေါ်တက် လက်ပြခွဲခွာ အခုလည်းပဲ ဘယ်နေ့ပြန်ဆုံမယ်မသိ နှုတ်ဆက်ခဲ့ရပြန်ပြီ " ဆိုပြီး ပြောပြထားပါတယ်။

Postby

 

စိုင်းစိုင်းကတော့ လက်ရှိမှာ ခရီးတွေ ဆက်တိုက်သွားဖြစ်နေတာလဲ တွေ့ရပါတယ်။

play

 

စိုင်းစိုင်းခမ်းလှိုင်(Sai Sai Kham Leng) ဟာ ၁၉၇၉ခုနှစ် ဧပရယ်မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပြီး ယခုအချိန်မှာတော့ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ အဆိုတော်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်လို့ နေပါပြီ ။စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Postby

 

Photo : စိုင်းစိုင်းခမ်းလှိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ