Local Celebrity: ချစ်တဲ့သူတွေနဲ့ မွေးနေ့ပွဲလေး ကျင်းပခဲ့တဲ့ စိုးမြတ်သူဇာ

အသက်(၄၆)နှစ်ပြည့် မွေးနေ့လို့ သိရပါတယ်။

ဒီနေ့(သြဂုတ်၃၁ရက်)ဟာ သရုပ်ဆောင် စိုးမြတ်သူဇာရဲ့ မွေးနေ့လေး ဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့ကတော့ သူမရဲ့ အသက်(၄၆)နှစ်ပြည့် မွေးနေ့လေးပါ။ သူမရဲ့ မွေးနေ့လေးကိုတော့ ချစ်တဲ့သူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့ပါတယ်။

မွေးနေ့ပွဲလေးနဲ့ ပတ်သက်ပြီး ညီဖြစ်သူ စိုးမြတ်နန္ဒာရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါတယ်။

play

 

"မနက်အစောကြီး မကြီးက ခရီးသွားမှာမို့ ကလေးတွေ ကျေနပ်အောင် ကိတ်ခွဲကြ  ချစ်တဲ့ မကြီး မွေးနေ့ ပေါင်းရာကျော် ပိုင်ဆိုင်ပါစေ

" သက်ရှည်ကျန်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ဝပါစေ"ဆိုပြီး ပြောပြထားပါတယ်။

အဲ့ဒီစာသားလေးနဲ့အတူ ဓာတ်ပုံလေးတွေကိုလည်း တင်ထားပါတယ်။

play

 

စိုးမြတ်သူဇာရဲ့ သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် မြတ်ကေသီအောင်ကလည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ယခုလို ရေးသားထား ပါသေးတယ်။

"Happy birthday ချစ်သူငယ်ချင်း ငါတို့ရဲ့ ချစ်ခြင်းတွေဟာ ရုန်းထွက်မှုလည်းမ ပါသလို ထွန်းထုတ်ခြင်းတွေလည်း မရှိပါဘူး။

သေချာတာတခုကတော့. ငါတို့တွေ မတွေ့တော့တာနဲ့ သတိမရမဲ့သူ တွေ မေ့ပြစ်ကြမဲ့သူတွေ မဟုတ်ဘူးဆိုတာ

သိပ်နားလည်တတ်တဲ့ သူငယ်ချင်းသိမှာပါ.။ ၄၆ နစ်ပြည့် မွေးနေ့ရှင် သူငယ်ချင်းလေး

ကျန်းကျန်းမာမာနဲ့ အလုပ်တွေ အများကြီး လုပ်နိုင်ပါစေ.

(ဘာပကာသနမှမပါ ဘယ်ဧည့်သည်မှ မပါတဲ့ အရိုးရှင်းဆုးံမွေးနေ့ပွဲမို့ ငါတို့၂ ယောက်လုံး ဘာမိတ်ကပ်မှု မပါတဲ့ ရုပ်တွေနဲ့ )

ချစ်တဲ့ မိကေ" ဆိုပြီး ပြောထားပါတယ်။

play

သရုပ်ဆောင် စိုးမြတ်သူဇာရဲ့ မွေးနေ့လေးမှာတော့ အနုပညာအသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမတွေ အားလုံးက မွေးနေ့ဆုတောင်း ပေးထားကြသလို ပရိသတ်များကလည်း မွေးနေ့ဆုတောင်းစကားလေးတွေ ပြောထားကြပါသေးတယ်။

သရုပ်ဆောင် စိုးမြတ်သူဇာကတော့ ယခုအချိန်ထိ ပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

play

 

ပြီးခဲ့သော လပိုင်းလောက်ကလည်း ကိုရီးယားမှာ မျက်နှာအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို ခွဲစိတ်ပြုပြင်မှု ပြုလုပ်ခဲ့ပါတယ်။ သူမအနေနဲ့ လေ့ကျင့်ခန်းမလုပ်နိုင်တာကြောင့် ယခုလို ဖြတ်လမ်းနည်းနဲ့ လုပ်ခဲ့တာ ဖြစ်ပြီး သူများတွေကိုတော့

ခွဲစိတ်မှုအတွက် အရမ်းလည်းမတိုက်တွန်းချင်သလို အရမ်းကြီးလည်း မတားချင်ဘူးလို့ 7day Daily ရဲ့ အင်တာဗျူးမှာလည်း ဖြေဆိုဖူးထားပါတယ်။  ယခုလက်ရှိတော့အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လျက်ရှိပါတယ်။

Postby

 

Photo : စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ မြတ်ကေသီအောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ