Local Celebrity: ပရိသတ်တွေ စွဲမက်သွားရတဲ့ ရွှေမှုံရတီရဲ့ အလန်းစား မှတ်တမ်းဗီဒီယိုဖိုင်

သူမကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတာပါ။

ရွှေမှုံရတီဟာ ဒီနေ့ (သြဂုတ်လ ၃၁ ရက်) မှာ ရိုက်ကွင်းတစ်ခုအတွက် ပြင်ဆင်နေပုံတွေကို အလန်းစားရိုက်ချက်တွေနဲ့ ကြည့်ရှုသူပရိသတ်အားလုံးကို ဖမ်းစားလိုက်နိုင်ခဲ့ပါတယ်။ မကြည့်ရသေးသူတွေအတွက်လည်း သူမရဲ့ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်တယ်နော်။

play

 

 ဗီဒီယိုအစပိုင်းကတည်းက ရွှေမှုံရတီဟာ ညှို့အားပြင်းတဲ့အကြည့်တွေ၊ ဆက်စီကျတဲ့ လှုပ်ရှားမှုတွေနဲ့ အားလုံးကို ရင်ဖိုစေခဲ့ပါတယ်။

ပရိသတ်တွေ ရင်အခုန်ဆုံးအပိုင်းကတော့ သူမရဲ့ဂါဝန်ရှည်ကြီးကို ယူသွားချိန်မှာ လှေကားပေါ် ပြေးတက်လိုက်သွားချိန်လေး ဖြစ်နေမှာ သေချာပါတယ်။

Stylist တွေက သူမကို ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ပေးနေပုံကို ရိုက်ကူးထားတာကလည်း တကယ့် International Model တစ်ဦးကို ပြင်ဆင်နေပုံအလား ကြည့်ကောင်းလှပါတယ်။

play

 

ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ပြီးနောက်မှာတော့ ရွှေမှုံက ရွှေရောင်ဖိနပ်ကို ဟန်ပါပါစီးလို့ မော်ဒယ်လျှောက်လှမ်းပေါ်မှာ လမ်းလျှောက်နေတဲ့ မော်ဒယ်တစ်ဦးလို ဟန်ပါပါ လျှောက်လှမ်းသွားပြီး Photo Shooting တစ်ခုရိုက်ကူးနေသလို ပို့စ်မျိုးစုံပေးနေတာကို မြင်တွေ့ရပါတယ်။

အဲဒီလောက်နဲ့တင်မကဘဲ ရွှေမှုံဟာ နောက်ထပ်ရွှေရောင်ဝတ်စုံတစ်စုံ ထပ်လဲလိုက်ကာ ရတနာပစ္စည်းတွေ တစ်ခုချင်းဝတ်လို့ သူမရဲ့လက်ချောင်းအလှတွေ အသားအရေအလှတွေကို ရင်ဖိုဖွယ်ပြသလိုက်ပြန်ပါတယ်။

Postby

 

ကြိုးတစ်ချောင်း ရွှေရောင်ဂါဝန်ရှည်ကြီးနဲ့ ပို့စ်မျိုးစုံပေးကာ ညှို့ဓာတ်ပြင်းတဲ့အကြည့်တွေနဲ့ ရွှေမှုံက ဗီဒီယိုလေးကို အဆုံးသတ်ထားပါတယ်။

ရွှေမှုံကိုယ်တိုင်လည်း ဒီဗီဒီယိုဖိုင်ကို အရမ်းကြိုက်တယ်လို့ ရေးသားပြီး သူမရဲ့ဖေ့စ်ဘွတ်ကနေမျှဝေခဲ့တာ ဖြစ်ပါတယ်။

ဒီဗီဒီယိုဖိုင်လေးဟာ မိနစ် ၄၀ အတွင်းမှာ ကြည့်ရှုသူ ၁၆၀၀၀ ကျော်သွားခဲ့ပြီး Share ပေါင်း ၄၅၀ ကျော် ရှိခဲ့ပါတယ်။

Phootos : ရွှေမှုံရတီဖေ့စ်ဘွတ်

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ