သူမကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို ရင်ခုန်စွာနဲ့ မျှော်လင့်နေပါတယ်တဲ့။ သရုပ်ဆောင် ခင်ဝင့်ဝါ ပါဝင်ထားတဲ့ ဖက်ရှင်ရုပ်ရှင် ဇာတ်ကားကတော့ မကြာခင် ရုံတင်တော့မယ်လို့ သိရပါတယ်။

အဲ့ဒီဇာတ်ကားမှာ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဝါရင့်အဆိုတော် မြန်မာပြည်သိန်းတန်နဲ့အတူ သူ့ရဲ့ ဇနီးပါဝင်ထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

play

 

အဲ့ဒီဇာတ်ကားထဲမှာတော့ ပါဝင်ထားတဲ့ ခင်ဝင့်ဝါကတော့ ကိုယ်အားကျရတဲ့ အဆိုတော်တစ်ယောက်နဲ့အတူ သရုပ်ဆောင်ခွင့်ရတဲ့အတွက် ရင်ခုန်ပြီး ပျော်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

လူငယ်ဆန်ဆန်ပုံစံလေးနဲ့ လူငယ်တစ်ယောက်ရဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ဝတ်ဆင်ထားသလို ဒီရုပ်ရှင်ဇာတ်ကားဟာလည်း ပရိသတ်တွေ အတွက် အမြင်ဆန်းစေမယ့် ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်မယ်လို့ ယုံကြည်ကြောင်း ပြောပြထားပါသေးတယ်။

play

 

ဖက်ရှင်ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)က  စိတ်ကူးပုံဖော်ထားတာ ဖြစ်ပြီး သရုပ်ဆောင်ဇေရဲထက်၊ ခင်ဝင့်ဝါ၊ မြန်မာပြည်သိန်းတန်၊ နုနန္ဒာသန်းနဲ့အတူ အခြားသော အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။

ဖက်ရှင်ဆိုတဲ့ ခေါင်းစဉ်အတိုင်း အဲ့ဇာတ်ကားဟာလည်း ၂၀၁၇ခုနှစ် ဖက်ရှင်ကိုအသားပေးဖော်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။

Postby

 

Source : 7day TV

Photo  : ဖက်ရှင်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video