AD
AD
AD

သရုပ်ဆောင် စည်ဖြိုးရဲ့ အဒေါ် ဆရာမအီးတီ(ခ) ဒေါ်ဆွေဆွေဝင်း ကွယ်လွန်သွားပြီလို့ သိရပါတယ်။ အသက်(၅၈)နှစ်ရှိပြီ ဖြစ်တဲ့ ဆရာမ အီးတီဟာ စက်တင်ဘာ(၁၀)ရက်နေ့ နံနက်(၄း၂၀)မှာ မထင်မှတ်ဘဲ ထွက်ခွာသွားခဲ့ပြန်ပြီ လို့ ပရဟိတသမားကြီး ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

ဆရာမအီးတီဟာ အကြားအမြင်ပါရမီရှင် တစ်ယောက်ဖြစ်ပြီး သူမရှိစဉ်အခါက သာသနာပြု လူသားတို့အား ကယ်တင်ပေးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

play

 

"မြန်မာ့နိုင်ငံရေးလောကမှထင်ရှားခဲ့သော"ဖေ ပု ရှိန်"အဖွဲ့မှဦးထွန်းရှိန်၏မြေးဖြစ်သူ၊ကာတွန်းဆရာကြီးဦးဖေသိန်း၏တူမဖြစ်သူ အကြားအမြင် ပါရမီရှင်သာသနာပြု လူသားတို့အား ကယ်တင်ပေးနေသူဆရာမ အီးတီ(ခေါ်)ဒေါ်ဆွေဆွေဝင်းအသက်(၅၈)နှစ်သည်နံနက်(၄:၂၀)နာရီအချိန်တွင်မထင်မှတ်ဘဲထွက်ခွါသွားခဲ့ပြန်ပြီ။

လူတွေလူတွေ ရာစုနှစ်များစွာကို ကျော်ဖြတ်ရင်း မထင်မှတ်တဲ့ အချိန်ကာလ တစ်ခုခုမှာ မထင်မှတ်တဲ့ နေရာတစ်ခုရောက်ရင် ထွက်ပေါက်ရှိရာသို့ ထွက်ခွါဝင်ရောက်သွားရန် အတွက်နေခဲ့ကြပြန်တော့သည်။

ထိုထွက်ပေါက်သည် ကားမိမိပြုခဲ့သည့်ကောင်းမှုအရည်အတွက်ပမာဏအတိုင်း တူညီမည့် အကောင်းဆုံးထွက်ပေါက်ဖြစ်ပေလိမ့်မည်။ ကုသိုလ်များလျင်အကောင်းဆုံးအမြင့်မြတ်ဆုံးထွက်ပေါက်ဖြစ်မည်ဖြစ်သကဲ့သို့ အကုသိုလ်များလျင် အဆိုးဆုံး အနိမ့်ဆုံး ငရဲဘုံထွက်ပေါက်သို့ ရောက်ရှိမည်ဖြစ်တော့သည်။

ဆရာမETအတွက် ထွက်ပေါက်ကားပြောဖွယ်ရာမလိုတော့ပေ။ လူသားပေါင်းများစွာကို ကယ်တင်ခဲ့ကာ အလှူအတန်းများစွာပြုလုပ်၍ သာသနာကိုကြီးကျယ်မြင့်မြတ်စွာ ထမ်းရွက်လှူဒါန်းမှုကားများပြားသည်နှင့် အညီအကောင်းဆုံး အမြင့်မြတ်ဆုံးထွက်ပေါက်သို့ လျှောက်လှမ်းတော့မည်ဖြစ်ပေတော့သည်။" ဆိုပြီး ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက ရေးသားထားတာ ဖြစ်ပါတယ်။

play

 

ဆရာမအတွက် ပရဟိတသမားများသာမက ဆရာမရဲ့ ပရိသတ်များကလည်း မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရကြောင်း ရေးသားထားတဲ့ စာသားတွေလည်း တွေ့ရပါတယ်။

ဆရာမအီးတီရဲ့ ဗေဒင်ဟောကြားမှုဟာ အခုဆို နှစ်ပေါင်း ၃၀ ကျော်လာပြီ ဖြစ်သလို ဟောကြားမှုကနေ ရရှိလာတဲ့ ငွေကြေးတွေကနေ အီးတီဖောင်ဒေးရှင်း တခု တည် ထောင်ပြီး မျက်စိ လူနာရှင် များစွာကိုလဲ အခမဲ့ ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ပေးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Postby

 

Source & Photo : ဦးကျော်သူ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD