Local Celebrity: ဇွဲကပင်တောင်ခြေမှာ ယောဂ လေ့ကျင့်ခန်းလုပ်နေတဲ့ ယွန်းယွန်း

Garnier Campaign အနေနဲ့ ရောက်နေတာ ဖြစ်ပါတယ်။

ယွန်းကတော့ Garnier Campaign နဲ့အတူ ဘားအံကို ရောက်ရှိနေပါတယ်။ ဇွဲကပင်တောင်ခြေမှာ မနက်ခင်း Garnier Campaign ရဲ့ Activities ထဲကတခုဖြစ်တဲ့ Yoga လေ့ကျင့်ခန်းလုပ်နေတဲ့ ယွန်းယွန်းရဲ့ ပုံလေးတွေက ချစ်စရာကောင်းလှပါတယ်။

လွန်ခဲ့တဲ့ နာရီပိုင်းက သူမရဲ့ ဖေ့စ်ဘွတ်မှာ yoga လုပ်နေတဲ့ ပုံလေးတွေနဲ့အတူ သူမရဲ့ ခံစားချက် တချို့ကိုလည်း ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

play

 

"Such a beautiful morning in Hpa-An

နိုးနိုးချင်း တိမ်တွေဖုံးပြီးအရမ်းလှတဲ့ ဇွဲကပင်တောင်ကို မြင်ရတယ်..

စိမ်းလန်းနေတဲ့ တောတောင်တွေကြားထဲမှာ Yoga လုပ်တယ်.. detox water လေးကလဲအဆင်သင့်

တကယ့်ကို Stress free zone လေးပါပဲ..

နောက် တစ်နာရီလောက်နေရင် Live လွှင့်ပြီးထပ်ပြမယ်နော်" ဆိုပြီး ပြောထားပါတယ်။

play

 

သူမပြောထားတဲ့အတိုင်းပဲ ပရိသတ်တွေနဲ့ စကားပြောဖို့အတွက် Live လွှင့်ပေးခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း Connection သိပ်မကောင်းတဲ့ ပရိသတ်တွေနဲ့ စကားတောင် သေချာမပြောလိုက်ရပါဘူး။

သူမရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

play

 

ယွန်းယွန်းဟာ ကလေးဘဝကတည်းက သရုပ်ဆောင်လောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ပရိသတ်တွေချစ်တဲ့ ကလေး သရုပ်ဆောင် တစ်ယောက်ဖြစ်ခဲ့ပါတယ်။

ယွန်းယွန်းဟာ ဗီဒီယို ဇာတ်ကားပေါင်း (၃၀၀)ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား(၃၀)ကျော် ရိုက်ကူးထားနိုင်သူ ကလေးသရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။

play

 

ယွန်းယွန်းက ၂၀၁၂ခုနှစ်မှာ တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု(အထူးဆု)ကို ရရှိခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနမှာ ပထမနှစ် စိတ်ပညာ အထူးပြုမေဂျာနဲ့ ပညာသင်ယူလျက်ရှိနေပါတယ်။

Postby

 

Photo : ယွန်းယွန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ