Local Celebrity: ပုံအသစ်လေးတွေ တင်လိုက်တဲ့ နန်းဆုဦး

ခပ်မိုက်မိုက်ပုံလေးတွေ ဖြစ်ပါတယ်။

သရုပ်ဆောင် နန်းဆုဦးကတော့ လွန်ခဲ့တဲ့ နာရီပိုင်းလောက်က သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအသစ်လေးတွေ တင်လိုက်ပါတယ်။ ဒီတစ်ခါ တင်လိုက်တဲ့ ပုံလေးတွေတော့ ခပ်မိုက်မိုက်ပုံစံလေးပါပဲ။

ခပ်မိုက်မိုက်ပုံစံလေးတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်သူတစ်ယောက်ဖြစ်တာကြောင့် ယခုတင်လိုက်တဲ့ ပုံစံလေးတွေက ပရိသတ်အကြိုက်နဲ့ ထပ်တူကြစေပါတယ်။

play

 

သူမရဲ့ ဖေ့စ်ဘွတ်မှာ သူမရဲ့ပုံရိပ်တွေကို တင်လေ့တင်ထ မရှိပေမယ့် ယခုနောက်ပိုင်းမှာတော့ ပရိသတ်တွေအတွက် သူမရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကို အမြဲတင်ပေးဖြစ်နေတာလည်း တွေ့ရပါတယ်။

သူမရဲ့ ဓာတ်ပုံအသစ်လေးတွေကိုလည်း ပရိသတ်တွေ တွေ့မြင်နိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

play

 

၂၃နှစ်ကျော်သာ ရှိသေးတဲ့ နန်းဆုဦးဟာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဇာတ်ကားတွေ ရိုက်ကူးနေရတဲ့ သရုပ်ဆောင် နန်းဆုဦးကတော့ ခရီးသွား အစီအစဉ်တစ်ခု ရိုက်ကူးဖို့ လက်ခံထားတယ်လို့ သိရပါတယ်။

ခရီးသွားကုမ္ပဏီတစ်ခုရဲ့ ကမ်းလှမ်းမှုကြောင့် ပြည်တွင်းခရီးသွား အစီအစဉ်တစ်ခု ရိုက်ကူးမှာ ဖြစ်ပြီး လူမသိသေးတဲ့ နေရာလေးတွေကို ဖော်ထုတ်ရိုက်ကူးဖို့ လက်ခံထားတယ်လို့ ဆိုပါတယ်။

play

 

" လူတွေ အမြဲတမ်းမသွား ဖြစ်တဲ့နေရာလေးတွေရှိတယ်။ တချို့နေရာလေးတွေကကျတော့ လူတွေအများကြီးမသိတဲ့၊  သွား ရင်အရမ်းလှတဲ့ နေရာလေးတွေ ရှိတဲ့အတွက် အဲဒီနေရာလေးတွေ ကို အနုပညာရှင်တွေကို ခေါ်သွား ပြီး ရိုက်ကူးပြချင်တာပေါ့။ နန်းဆု နဲ့ ကုမ္ပဏီနဲ့ စာချုပ်လေးလုပ်ထား တယ်။ သူတို့က တစ်နှစ်ပတ်လုံး သွားမှာ၊ နန်းဆုတစ်ယောက် တည်းလည်းမဟုတ်ဘူး။ အနုပညာရှင်တွေ အများကြီးပါဝင် တယ်။ တစ်ယောက်စီကို တစ်နေ ရာစီပေါ့’လို့ သူမက 7day Daily မှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

Postby

Photo : နန်းဆုဦး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ