Local Celebrity: တက်တူးအသစ် ထပ်ထိုးနေတဲ့ မြင့်မြတ်

သူရဲ့ အကောင့်မှာ တင်ထားတာ ဖြစ်ပါတယ

မြင့်မြတ်ကတော့ လက်ရှိတက်တူးတွေနဲ့ အားမရနိုင်ပါဘူး။ တက်တူးအသစ်တွေ ထပ်ထိုး နေတာတွေ့ရပါတယ်။ တက်တူးထိုးနေတဲ့ ပုံလေးတွေတော့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတာ ဖြစ်ပါတယ်။

ဒီတစ်ခါ ထိုးတဲ့ တက်တူးကတော့ ဂျိုင်းရဲ့ အောက်ဘက် ဘေးနံရိုးပေါ်မှာ ထိုးနေတာ ဖြစ်ပါတယ်။

play

 

ပုံကတော့ ဘီလူးပုံကို ခန့်မှန်းရပါတယ်။ တက်တူးထိုးနေတဲ့ မြင့်မြတ်ရဲ့ ပုံလေးတွေကိုလည်း ပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်။

မြင့်မြတ်ကတော့ တက်တူးကို ရူးသွပ်သူ တစ်ယောက်လို့ ပြောရမှာပါပဲ ။ လက်နှစ်ဖက်စလုံးမှာကော ၊ကျောဘက်နဲ့ ရင်ဘက်အပေါ်ပိုင်း တွေမှလည်း တက်တူးတွေ ထိုးထားပါတယ်။

play

 

အခုလည်း အသစ်ထပ်ထိုးလိုက်ပြန်ပြီ။ ဖေ့စ်ဘွတ်ပြန်သုံးနေပြီ ဖြစ်တဲ့ မြင့်မြတ်ကတော့သူ့ရဲ့ လှုပ်ရှားမှုလေးတွေကို ပရိသတ်များအတွက် ဖော်ပြပေးနေတာလည်း တွေ့ရပါတယ်။

တက်တူးထိုးတဲ့ ပုံမတင်ခင် အောက်တိုဘာ(၁၀)ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မင်္ဂလာရှိတဲ့ အရပ် ရုပ်သံဇာတ်လမ်းတွဲကို iflix မှာ ပြသခြင်း သဘောတူးအခမ်းအနားကို လည်း တက်ရောက်ခဲ့တဲ့ ပုံလေးတွေ တင်ထားတာကို တွေ့ရပါတယ်။

play

 

မြင့်မြတ်(Myint Myat)ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီး  ဒရာမာကားများနဲ့ ပရိသတ် များ အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်သလို  ဟာသဇာတ်ရုပ်များလည်း ပရိသတ်အားပေးမှု ရရှိထားသူ ဖြစ်ပါတယ်။

အခု နောက်ပိုင်းလည်း အက်ရှင်ဇာတ် ကားများ နဲ့လည်း ပရိသတ်ရရှိထားပြန်ပါတယ်။ မြင့်မြတ်က တော့ ဖေဖော်ဝါရီ(၁၅)ရက်နေ့က အိမ်ထောင်ပြုခဲ့တာဖြစ်ပြီး မခင်သူအောင်နဲ့ ချစ်သူသက်တမ်း (၅)နှစ်ကျော် ကာလမှာ အိမ်ထောင်ပြုခဲ့တာ ဖြစ်ပါတယ်။

Postby

 

Photo : မြင့်မြတ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ