Local Celebrity: မွေးဖွားဖို့ တစ်လလောက်သာ လိုတော့တဲ့ သဉ္ဇာနွယ်ဝင်း

, updated

ကိုယ်ဝန် (၃၃)ပတ်ထဲ ရောက်နေပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကိုယ်ဝန်(၃၃)ပတ်ထဲ ရောက်နေပြီ ဖြစ်ပါတယ်။ ကိုယ်ဝန်ကို ဝိတိုရီယဆေးရုံးမှာ မွေးမှာ ဖြစ်ပြီး သဘာဝအတိုင်း မွေးသွားမှာ ဖြစ်တယ်လို့ သဉ္ဇာနွယ်ဝင်းက ဆိုပါတယ်။

မွေးဖွားမယ့် ရက်ကတော့ (၁၁)လပိုင်း လလယ်(သို့)လကုန်းပိုင်းလောက် ပြောထားတယ်လို့ သိရပါတယ်။

play

 

‘‘ရိုးရိုးမွေးလို့ရှိရင် တစ်နှစ် လောက်နေပြီးရင် ကလေးထပ်ယူ လို့ရတယ်။ ခွဲမွေးရင်က ၂ နှစ်၊ သုံးနှစ်လောက်နေမှ ထပ်ယူလို့ရ တယ်ဆိုတော့ ကိုယ်က ကလေး ကို သုံးယောက်ယူချင်တာဆို တော့ ကလေးကို တစ်ယောက်နဲ့ တစ်ယောက် သိပ်မကွာချင်လို့ တစ်ခါတည်း ပေါင်းထိန်းလိုက် ချင်လို့ပါ။ မွေးမယ့်ရက်က ၁၁ လပိုင်း လလယ် (သို့မဟုတ်) လကုန်ပိုင်းလောက် ပြောထားပါ တယ်’’ဆိုပြီး 7day Daily မှာ ဖြေဆိုထားပါတယ်။

play

 

သူမအနေနဲ့ လက်ရှိမှာ ကလေးအသုံးအဆောင်ပစ္စည်းလေးတွေ ပြင်ဆင်ထားသလို ကုတင်လေးတွေ ၊ ပုခက်လေးတွေနဲ့ နို့ဘူးလေးတွေ ဝယ်ထားသလို ကလေး ဝတ်ဖို့အတွက် အဝတ်အစားလေးတွေလည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

သဘာဝအတိုင်းေ မွးရမှာ ဖြစ်တာကြောင့် စိတ်လှုပ်ရှားပြီး ကြောက်နေပေမယ့် ရင်သွေးလေးကိုတော့ တွေ့ချင်လှပြီဆိုပြီး ပြောပါတယ်။

play

ကိုယ်ဝန်လရင့်နေပြီဖြစ်တဲ့ သူမကတော့ အပြင်မထွက်ဖြစ်ဘဲ အိမ်မှာပဲ အနေများတယ်လို့ သိရပါတယ်။

သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းကတော့ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေးအလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။

play

ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ခုနှစ် မေလ ၂၂ ရက်နေ့ကစပြီး ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားဦးရတနာ လေးလွယ်ထားရပြီ ဆိုတာကို သိပြီးနောက် အခုထိ ကိုယ်ဝန်ကိုလည်း တစ်ပတ်တစ်ခါ ဖြစ်ဖြစ်၊ နှစ်ပတ်တစ်ခါဖြစ်ဖြစ် ကလေး ကျန်းမာရေး နဲ့ပတ်သက်လို့ စစ်ဆေးဖြစ်တယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

Postby

 

Photo : သဉ္ဇာနွယ်ဝင်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ