Local Celebrity: သမီးလေး အတွက် ဂုဏ်ယူနေတဲ့ ကျော်ဇင်ထွဋ်

သရုပ်ဆောင် ကျော်ဇင်ထွဋ်ကတော့ သမီးလေးအတွက် ဂုဏ်ယူမဆုံး ဖြစ်နေပါတယ်။ သမီးလေးကလည်း ပညာရေးမှာ ထူးချွန်သူ တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

သမီးလေး မြတ်ဧကရီကျော်ကတော့ (ဆဋ္ဌမ)တန်းမှာ ပညာသင်ယူနေတာ ဖြစ်ပါတယ်။

play

 

သမီးလေးကတော့ နှစ်ဝက်စာမေးပွဲမှာ ဘာသာတိုင်းကို အဆင့်(A) နဲ့အောင်မြင်ခဲ့တာကြောင့် ကျော်ဇင်ထွဋ်တစ်ယောက် ပျော်လို့နေပါတယ်။ သူရဲ့ ဖေ့စ်ဘွတ်မှာလည်း ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

'12-10-2017 ❤️❤️❤️ ရေးးးးးးး နှစ်ဝက်စာမေးပွဲမှာ ဖေချစ်Oh-oလေး All (A) အဆင့် နဲ့ အောင်ပြန်ပြီကွ ရေးးးးးးး ❤️❤️❤️' ဆိုပြီး ရေးသားထားပါတယ်။

play

 

အဲ့ဒီစာသားလေးနဲ့အတူ သမီးလေးနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးရယ် ၊ သမီးလေးရဲ့ အမှတ်စာရင်းစာရွက်လေးကိုပါ ပူးတွဲတင်ထားတာ ဖြစ်ပါတယ်။

သမီးလေးနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံမှာတော့ ဖေဖေကျော်ဇင်ထွဋ်နဲ့ သမီးလေးတို့ မျက်နှာလေးတွေကတော့ အပြုံးလေးတွေနဲ့ ဝေဆာလို့ နေပါတယ်။

play

 

ကျော်ဇင်ထွဋ်ကတော့ လက်ရှိမှာ ဇာတ်ကားတွေ ရိုက်ကူးလျက်ရှိပြီး ဒီနေ့မနက်(အောက်တိုဘာ၁၃ရက်)က ပြုလုပ်တဲ့ မြန်မာရုပ်ရှင့်နေ့နဲ့(၅၄)ကြိမ်မြောက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကို သွားရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

သက်ကြီး ပူဇော်ပွဲကို သွားပြီး အပြန်မှာတော့ ရှုတင်ကို တန်းသွားနေတယ်ဆိုပြီး ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားပါသေးတယ်။ လက်ရှိမှာ ဒါရိုက်တာ တင်အောင်ကျော် ရိုက်ကူးပြီး နေဒွေးနဲ့အတူ ဇာတ်ကားရိုက်ကူးနေတယ်လို့ သိရပါတယ်။

Postby

 

Photo : ကျော်ဇင်ထွဋ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ