Local Celebrity: ဂျပန်မှာ မိသားစုနဲ့ ပျော်ပျော်ပါးပါး လျှောက်လည်နေတဲ့ သန္တာလှိုင်

ပရိသတ်တွေကိုလည်း ဗဟုသုတရစေဖို့အတွက် Live လွှင့်ပြီး ပြောပြခဲ့တာတွေ ရှိပါတယ်။

သန္တာလှိုင်တို့ မိသားစုရဲ့ ဂျပန်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဂျပန်မှာ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး လျှောက်လည်နေတဲ့ သန္တာလှိုင်ရဲ့ ပုံရိပ်လေးတွေကို ယခုလို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

သူမရဲ့ ဟန်းနီးမွန်းခရီးစဉ်မှာ မိသားစုကိုပါ ခေါ်သွားတာဖြစ်ပြီး တကယ့်ကို ပျော်စရာကောင်းလှတာကိုလည်း တွေ့ရပါတယ်။

play

 

ဂျပန်ကို ရောက်နေတဲ့ သန္တာလှိုင်က ဖေ့စ်ဘွတ်ကနေတဆင့် သူ့ရဲ့ ပရိသတ်တွေ ဗဟုသုတ ရရှိစေနိုင်ဖို့ Live လွှင့်ပြီး သူမရောက်ခဲ့တဲ့ နေရာလေးတွေကို ပြောပြခဲ့ပါတယ်။

သူမရဲ့ Live ထဲမှာလည်း ဂျပန်ဧကရစ် ဘုရင်နဲ့ ဘုရင်မကြီးနေတဲ့ နန်းတော်ကို ပရိသတ်တွေကို ကြည့်လို့ရအောင် လွှင့်ပေးခဲ့ပါတယ်။

play

 

သန္တာလှိုင်တို့ မိသားစုကတော့ ဟန်းနီးမွန်းခရီးကို အောက်တိုဘာ(၁၁)ရက်နေ့က သွားတာ ဖြစ်ပါတယ်။ မင်္ဂလာ လက်မှတ် ရေးထိုးပွဲကို မြန်မာဝတ်စုံလေးနဲ့ ရိုးရိုးလေးပဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ယခင်ကတည်းကလည်း သန္တာလှိုင်ဟာ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲလည်း မလုပ်ချင်ဘူးလို့ လည်း အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ် ။

play

 

သူမထက် (၁၀)နှစ်ငယ်တဲ့ အမျိုးသားကို ရွေးချယ်ခဲ့တဲ့ သန္တာလှိုင်ဟာ သူမရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးတော့ Duwun Media ကို ပြည့်ပြည့်စုံစုံပဲ ရင်ဖွင့်ပြောပြခဲ့တာကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

"အခုလက်ရှိအိမ်ထောင်ရေးအကြောင်းပြောရမယ်ဆိုရင် တစ်လုံးတည်းနဲ့ပြီးသွားမယ် တစ်ခါမှ ဒီလောက်စိတ်မချမ်းသာဖူးဘူး။ စိတ်ထဲမှာ လုံခြုံမှုအပြည့်နဲ့ အေးအေးချမ်းချမ်း တစ်သက်လုံးစာအတွက်ဆိုပြီးစိတ်ချမ်းသာစရာမျိုးက ဒီတစ်ခါပဲရဖူးတယ်" လို့ သန္တာလှိုင်က ဆိုပါတယ်။အစပိုင်းမှာ ကလေးတွေက မိခင်လက်ထပ်မှာကို သဘောမတူချင်ပေမဲ့ အခုတော့လည်း အရမ်းချစ်ခင်ကြတဲ့ မိသားစုလေး ဖြစ်နေပါပြီ။" လို့ ယခင်က အင်တာဗျူးမှာ ဖြေဆိုပေးထားတာ ဖြစ်ပါတယ်။

play

 

အရာရာရင့်ကျက် ပြည့်စုံနေပြီဖြစ်တဲ့ သန္တာလှိုင်လို အမျိုးသမီးတစ်ယောက်ကို လက်ထပ်နိုင်ခဲ့တဲ့ အမျိုးသားကဘယ်လို အမျိုးသား များ ဖြစ်လေမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

"သူက ဘယ်လိုလူစားမျိုးလဲလို့မေးရင်တော့ အစ်မကို အရင်ကြည့်ပါ။ အစ်မလို မိန်းကလေးမျိုး က ငယ်ငယ်ကတည်းကနေ အခုချိန်ထိ ကိုယ်လိုချင်တဲ့အရာတွေကိုလည်း မရ ရအောင်ဆွတ်ခူးနိုင်ခဲ့ပြီးပြီ။

play

 

ကိုယ် လိုချင်တဲ့အောင်မြင်မှုတွေကိုလည်း ရခဲ့ပြီးပြီ။ အသက်၄၀ အရွယ်ကလေး ၂ယောက်အမေအနေနဲ့ နောက်ထပ်လာမယ့် ရည်မှန်းချက် တွေဆိုတာကလည်း တော်ရုံတန်ရုံနည်းနည်းနောနောတော့ ဟုတ်တော့မှာ မဟုတ်ဘူး၊ တော်ရုံတန်ရုံ ယောင်္ကျားတွေ ကိုလည်း အထင် မကြီးတတ်တော့တဲ့ အတွေ့အကြုံတွေအများကြီးရှိခဲ့တဲ့မိန်းမတစ်ယောက်အနေနဲ့ သူလိုလူမျိုးကို အထင်ကြီးပြီးတော့ အားကိုးတတ်ယောင်္ကျားတစ်ယောက်အနေနဲ့ ရွေးချယ်လိုက်တယ်ဆိုကတည်းက အစ်မထက် ၁၀ နှစ်ငယ်တယ်ဆိုပေမယ့်လည်း တကယ်ကို အားကိုးထိုက်တဲ့လူတစ်ယောက်လို့ ထင်ရင်ရပါတယ်" ဆိုပြီးလည်း ပြောပြခဲ့ပါသေးတယ်။

Postby

 

Photo : သန္တာလှိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ