Local Celebrity: ပုဂံရောက် ယမင်းမေဦးရဲ့ အလှဓာတ်ပုံများ

ကျော့ရှင်းလှတဲ့ အလှကို ပိုင်ဆိုင်ထားသူလေးပါ။

ကြည်လင်ဝင်းပတဲ့ အသားအရည်နဲ့ ကျော့ရှင်းလှတဲ့ ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်ထားသူလေး ဖြစ်တဲ့ ယမင်းမေဦးဟာ ရခိုင်တိုင်းရင်းသူလေး ဖြစ်ပါတယ်။

တက်သစ်စ မင်းသမီးလေး တစ်ဦးဖြစ်ပြီး ယခုဆိုရင် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးနေရပြီလည်း ဖြစ်ပါတယ်။

play

ယမင်းမေဦးက လက်ရှိမှာ ပုဂံကို ရောက်နေပါတယ်။ ပုဂံရောက်နေကြောင်းကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ပုံလေးတွေ တင်ပြီးတော့ ပရိသတ်တွေကို အသိပေးထားပါတယ်။

ပုဂံကို ရောက်နေတဲ့ ယမင်းမေဦးကတော့ ဓာတ်ပုံတွေ အများကြီး ရိုက်ထားတာကို တွေ့ရပါတယ်။ပုဂံရောက်နေတဲ့ ပုံလေးတွေကို အောက်တိုဘာ(၁၂)ရက်နေ့က စပြီး တင်ထားတာပါ။

play

အောက်တိုဘာ(၁၂)ရက်နေ့က တင်ထားတဲ့ ပုံလေးတွမှာတော့ မြန်မာဝတ်စုံလေးဝတ်ဆင်ထားပြီးတော့ လှပလှတဲ့ ပုဂံရှုခင်းလေးကိုနောက်ခံထားပြီး ရိုက်ကူးထားတဲ့ ပုံလေးတွေရယ် ရုပ်သေးရုပ်လေး တွေရိုက်ထားတဲ့ ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။

play

 

ဒီနေ့(အောက်တိုဘာ၁၃ရက်)မှာတော့ ပုဂံဝတ်စုံအဖြူလေးနဲ့ ဘောင်းဘီပွလေးနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကို တင်ပေးထားတာ ဖြစ်ပါတယ်။

ချစ်စရာကောင်းလှတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်များ ကြည့်ရအောင် ထည့်ပေးလိုက်တယ်နော်။

play

 

ယမင်းမေဦးကတော့ ရခိုင်သူလေး ဖြစ်တယ်လို့ သိရပါတယ်။ Miss Forever Gems 2016 ရဲ့ 1st Runner up ဆုကိုလည်း ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ အစကတည်းက သူမဖြစ်ချင်ခဲ့တာကတော့ သရုပ်ဆောင်တစ်ဦးပါတဲ့။

အလှမယ် ပြိုင်ပွဲတွေကနေ ပရိသတ်သိလာပြီး ယခုဆိုရင် ဇာတ်ကားတွေတောင် ရိုက်ကူးနေရပါပြီ။ယခုလက်ရှိမှာ သူမက စနိုးဝှိုက်မောင်မောင်ထုတ်လုပ်ရေးနဲ့အတူ လက်တွဲပြီး အလုပ်လုပ်နေတယ်လို့ သိရပါတယ်။

Postby

 

Photo : ယမင်းမေဦး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ