Local Celebrity: ရုပ်ရှင်သက်ကြီး ပူဇော်ပွဲမှာ ဆရာတွေကို ကန်တော့ခဲ့တဲ့ ရွှေမှုံရတီ

ရုပ်ရှင်သက်ကြီး ပူဇော်ပွဲမှာ ဆရာတွေကို ကန်တော့ခွင့်ရခဲ့တဲ့ အတွက် ရွှေမှုံတစ်ယောက် ပျော်လို့ နေပါတယ်။ ဆရာတွေအကုန်လုံး တစ်နေရာထဲမှာ စုံဖို့ မလွယ်ပေမယ့် ဒီနေ့ ရုပ်ရှင် သက်ကြီးပူဇော်ပွဲ နေ့မှာ ဆရာတွေကိုအကုန်လုံး ဆုံတုန်းကန်တော့ခွင့်ရခဲ့တယ်လို့ သူမ live လွှင့်တဲ့အချိန်တုန်းက ပရိသတ်တွေကို ပြောပြထားပါတယ်။

play

 

ဆရာတွေကို ထိုင်ကန်တော့တဲ့ ပုံလေးတွေ တော်တော်များများလည်း အွန်လိုင်းစာမျက်နှာမှာ ပြန့်ခဲ့ပါတယ်။ နေတိုးကို ထိုင်ကန်တော့နေတဲ့ ပုံစံလေးဟာလည်း ကလေးလေးတစ်ယောက်တဖွယ် အပြစ်ကင်းစင်လှပါတယ်။

ရွှေမှုံအနေနဲ့ ရုပ်ရှင်သက်ကြီးပွဲမှာ မတွေ့ရတာကြာတဲ့ အနုပညာ မောင်နှမတွေတွေ့ခွင့်ရသလို လူကြီးတွေကိုလည်း ကန်တော့ခွင့်ရတဲ့အတွက်လည်း ဝမ်းသာနေပါတယ်။

play

 

ရွှေမှုံရတီ(Shwe Mhom Yati) ဟာ အနုပညာပျိုးခင်း(၁)ရဲ့ စင်တင်မင်းသမီး တစ်လက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိလာ သူတစ်ဦးဖြစ်ပြီး အသက်(၁၉)ကျော်သာ ရှိသေးပေမဲ့ အောင်မြင်နေပြီဖြစ်တဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

Postby

 

မြန်မာရုပ်ရှင်နေ့အခမ်းနားနဲ့ (၅၄)ကြိမ် မြောက် သက်ကြီး ပူဇော်ပွဲနေ့ကိုတော့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။  သက်ကြီးပူဇော်ပွဲကိုတော့ ဒီနေ့ (အောက်တိုဘာ ၁၃ရက်)က ပြုလုပ်ခဲ့တာပါ။

play

 

မြန်မာ့ရုပ်ရှင်နေ့နဲ့အတူ သက်ကြီးပူဇော်ပွဲလည်း ကျင်းပပြုလုပ်ခဲ့သလို နိဗ္ဗာန်ဈေးပွဲတော်ကိုပါ ပြုလုပ်ခဲ့ပါတယ်။ နိဗ္ဗာဈေးပွဲတော်မှာတော့ အနုပညာရှင်များက ကိုယ်တတ်နိုင်တဲ့ မုန့်များနဲ့ အစားအစာများကို တာဝန်ယူခဲ့ကြပါတယ်။

Postby

 

ဒီနှစ်မှာ ကျင်းပပြုလုပ်တဲ့ ယင်းပွဲကိုတော့ အနုပညာရှင်များ စုံစုံလင်လင်နဲ့ တက်ရောက်ခဲ့ကြသလို စတုဒီသာကျွေးတဲ့ ဆိုင်ခန်းတွေလည်း အရင်နှစ်ကထက် များပြားလာတာလည်း တွေ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ