Local Celebrity: ကော့သောင်းကို ရောက်နေတဲ့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်း

ပျော်နေကြတဲ့ ချစ်သူနှစ်ဦးရဲ့ ပုံရိပ်လေးကို ဖော်ပြပေးထားတယ်နော်။

အဆိုတော် အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ ချစ်သူနှစ်ယောက်ကတော့ ကော့သောင်းကို ရောက်နေတယ်လို့ သိရပါတယ်။

ကော့သောင်းမှာ ရိုက်ထားတဲ့ ပုံလေးတွေကို အောင်လလည်း တင်ထားသလို ဝိုင်းစုကလည်း တင်ထားတာ တွေ့ရပါတယ်။ အောင်လကတော့ လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဝိုင်းစုကို ရိုက်ပေးထားတဲ့ ပုံလေးကို တင်ထားပါတယ်။

play

 

"ကျွန်တော်ဟာ ကင်မရာမန်းလေးပါ" ဆိုတဲ့ စာသားနဲ့အတူ ဝိုင်းစုရေကူးနေတဲ့ ပုံလေးကို တင်ထားတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ပုံလေးတွေကို မမြင်ရသေးတဲ့ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်တယ်နော်။

အောင်လနဲ့ ဝိုင်းစုတို့ စုံတွဲကတော့ အခုနောက်ပိုင်းပွဲတွေ တော်တော်များများကို အတူတူတက်ရောက်ဖြစ်နေတာ တွေ့ရပါတယ်။

play

 

အချစ်ရေးနဲ့ ပတ်သက်ပြီး အေးအေးဆေးဆေး ဖြစ်နေတဲ့ သူတို့နှစ်ဦးကို ပရိသတ်တွေကတော့ အားကျလို့ နေပါတယ်။

ဝိုင်းစုကတော့ လက်ရှိမှာ သူမရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်သလို အလုပ်တွေလည်း ရှုပ်နေပါတယ်။

play

 

ရန်ကုန်နဲ့ မန္တလေးတို့မှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ သူမကတော့ ဒီဇင်ဘာလထဲမှာ ကျရောက်မယ့် မွေးနေ့မှာတော့ ဖျော်ဖြေပွဲ ထပ်လုပ်ဦးမှာ ဖြစ်ပါတယ်။

သူမရဲ့ မွေးနေ့ကတော့ ဒီဇင်ဘာ (၂၄)ရက်နေ့ ဖြစ်ပါတယ်။ဝိုင်းစုရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီးတော့လည်း ယခုလို ဖြေဆိုပေးထားပါတယ်။

play

 

"တစ်ကိုယ်တော် ဖျော်ဖြေပွဲ က ဒီဇင်ဘာ ၂၄ ဝိုင်းစုမွေးနေ့မှာ လုပ်ဖို့တော့ Confirm ဖြစ်တယ်။ ပရိသတ်တွေကို မေးကြည့်တော့ လည်း မွေးနေ့မှာ ပိုပြီးလုပ်စေချင် တယ်။ လက်ဆောင်တွေလည်း ပေးချင်တယ်။ မွေးနေ့မှာ လာချင် တယ်ဆိုလို့ အဲဒီနေ့လုပ်ဖို့ စဉ်းစား ထားတယ်။ ရှေ့ ၂ နှစ်တုန်းက လည်း အဲဒီနေ့ကို လုပ်ချင်တာ။ ပွဲတွေတိုက်နေမှာစိုးတာနဲ့ ကြောက်ပြီး မလုပ်ဖြစ်တာ’လို့ 7day Daily မှာ ဖြေဆိုဖူးထားပါတယ်။

play

 

ပြီးတဲ့ခဲ့ နှစ်ကုန်ပိုင်းလောက်က ထွက်ရှိခဲ့တဲ့ "ဂါ" တေးစီးရီး DVD ကိုလည်း တစ်ကိုယ်တော်ဖျော်ဖြေပွဲ မတိုင်မီမှာ ဖြန့်ချိသွားမယ် လို့လည်း သိရပါတယ်။

အောင်လကလည်း စီးရီးသစ်တွေ ထွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

 

Postby

 

Photo : အောင်လနဲ့ ဝိုင်းစု ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ