Local Celebrity: ဇနီးလောင်းရဲ့ ဇာတိမြို့မှာ မင်္ဂလာပွဲ ကျင်းပမယ့် ကြာစိတို့ စုံတွဲ

အောက်တိုဘာ(၁၄)ရက်နေ့မှာ ပြုလုပ်မှာပါ။

လူရွှင်တော် ၊ သရုပ်ဆောင် ကြာစိတို့ စုံတွဲရဲ့ မင်္ဂလာဧည့်ခံပွဲကိုတော့ ဇနီးလောင်းရဲ့ ဇာတိမြို့လေးမှာ ကျင်းပမယ်လို့ သိရပါတယ်။ မင်္ဂလာပွဲကို အောက်တိုဘာ(၁၄)ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

မင်္ဂလာပွဲကိုတော့ အေးသာယာဂေါက်ကွင်းမှာ ပြုလုပ်မှာ ဖြစ်တယ်လို့ ကြာစိက ဆိုပါတယ်။

play

 

"ရိုးရိုးရှင်းရှင်း မင်္ဂလာပွဲ လေးပါပဲ။ လုပ်မယ့် နေရာက တော့ အေးသာယာဂေါက်ကွင်း မှာပါ။ ဖျော်ဖြေရေးအစီအစဉ်က ကျွန်တော်တို့ဖိုက်စတားအဖွဲ့က လာတဲ့ ပရိသတ်တွေကို ဟာသ လေးတွေပြောမယ်။ သီချင်းဆိုမယ်။ နောက်ပြီး ဒီကိုရောက်နေတဲ့ အနုပညာမောင်နှမတွေလည်း လာကြမယ်" လို့ ကြာစိက 7day Daily မှာ ဖြေဆိုထားပါတယ်။

play

 

မင်္ဂလာပွဲ ကျင်းပပြီးရင်လည်း ဟန်းနီးမွန်းခရီးကို အပျော်ခရီးသွားတာမျိုး မဟုတ်ပဲ မရောက်ဖူးတဲ့ နေရာများကို ဘုရားဖူးထွက်ဖို့ စီစဉ်ထားတယ်လို့ People Magazine မှာ ပြောပြထားပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်ခန့်က တောင်ကြီးမြို့ရဲ့ အလှူတစ်ခုမှာ သွားရောက်ဖျော်ဖြေရာက သူမနဲ့ ကြာစိတို့ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ပရိသတ်များကလည်း သူတို့စုံတွဲကို အားပေးသဘောကျတာကိုလည်း တွေ့ရပါတယ်။  5 Star အဖွဲ့ဝင် ကြာစိကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ဒီနှစ်ထဲမှာပဲ သူ့ရဲ့ ဘဝမှန်အကြောင်းကို ရေးစပ်ထားတဲ့ သီချင်းဟာလည်း ပရိသတ်တွေကြား တော်တော်ပေါက်သွားခဲ့ပါတယ်။ အဲ့ဒီသီချင်းကတော့ "ကံစေရာ" ဆိုတဲ့ သီချင်းဖြစ်ပါတယ်။

ကြာစိကတော့ မင်္ဂလာပွဲပြီးတာနဲ့ အောင်ပန်းကို ဆင်းပြီးတော့ ဇာတ်ကားရိုက်ကူရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Postby

 

Source : 7day ၊People Magazine

Phto  : ကြာစိ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ