Local Celebrity: ပရိသတ်တွေနဲ့အတူ မြန်မာဝတ်စုံ ဆင်တူလေးတွေ ဝတ်ပြီး ဓာတ်ပုံရိုက်ခဲ့တဲ့ အေးသောင်း

Followe ၈၈၈၈၈၈ ပြည့် အထိမ်းအမှတ်အနေနဲ့ပါ။

ပရိသတ်တွေကို အသိပေးထားတဲ့ အစီအစဉ်လေးကို အေးဝတ်ရည်သောင်းက အကောင်အထည်ဖော်လိုက်ပါပြီ။ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ Followe ၈၈၈၈၈၈ ပြည့် အထိမ်းအမှတ်တစ်ခုအနေနဲ့ မိန်းကလေး ပရိသတ်(၈)ဦးနဲ့အတူ တွဲပြီး ဓာတ်ပုံရိုက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Followe ၈၈၈၈၈၈ ကတော့ ပြည့်သွားတာ ကြာခဲ့ပါပြီ။

play

 

Follower ၈၈၈၈၈၈ ပြည့်တဲ့နေ့မှာ အေးဝတ်ရည်သောင်းက အချိန်(၈)မိနစ်ကို ကောမန့်ဖွင့်ထားပြီး အဲ့ဒီအောက်မှာ မန့်တဲ့ မိန်းကလေး (၈)ယောက်ကို ရွေးချယ်သွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

အခုဆိုရင် အဲ့ဒီမိန်းကလေး ရှစ်ယောက်ကိုလည်း ရွေးပြီးသွားပါပြီ။ ဘယ်သူတွေဆိုတာကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ကြေညာထားသလို ဒီနေ့မှာတော့ ကြေညာထားတဲ့ မိန်းကလေး (၈)ဦးနဲ့အတူ ဓာတ်ပုံတွဲရိုက်ပြီး တင်ထားတာတွေ့ရပါတယ်။

play

 

အေးဝတ်ရည်သောင်းနဲ့အတူ မိန်းကလေး ပရိသတ်တွေဟာ အဆင်လေးတွေ တူတဲ့ မြန်မာဝတ်စုံလေးတွေ ဝတ်ပြီး ရိုက်ထားတာ ဖြစ်ပါတယ်။ ပုံလေးတွေ တင်ရင်နဲ့ အေးဝတ်ရည်သောင်းက ယခုလိုစာသားလေးကိုလည်း ရေးသားထားပါတယ်။

"ကိုယ်ရင်တွေ ခုန်နေတယ်...

နောက်မှ ပုံအလှလေးတွေ ပြန်တင်ပေးမယ်နော်" ဆိုပြီး ပြောထားပါတယ်။

play

 

အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်လာတဲ့ အေးဝတ်ရည်သောင်းကတော့ မကြာခင်မှာ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ကူးဖို့အတွက်ကိုလည်း လက်ခံထားတယ်လို့ သိရပါတယ်။

အဲ့ဒီဇာတ်ကားဟာ ဇာတ်လမ်းက အရမ်းကောင်းတာကြောင့် သူမအနေနဲ့ လုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ဝင်နေမိတယ်လို့လည်း သူမရဲ့ Live ထဲမှာ ပြောပြထားပါတယ်။

 

အေးဝတ်ရည်သောင်းကတော့လက်ရှိမှာ မင်္ဂလာရှိသောအရပ် ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ပရိသတ်တွေနဲ့ တဖန် ပြန်လည်ရင်းနှီးလာတဲ့ သူမရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကလည်း ဆက်တိုက်ဆိုသလို တွေ့ရပါတယ်။

Postby

 

Photo : အေးဝတ်ရည်သောင်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ