Local Celebrity: ချစ်သူကို အရင်တိုင်း ချစ်နေတုန်းပဲလို့ ပြောလိုက်တဲ့ ရွှေမှုံရတီ

ဒီထက်တောင် ပိုချစ်ဦးမှာပါတဲ့။

ရွှေမှုံရတီရဲ့ ချစ်သူနဲ့ အခြားသော မိန်းကလေး တစ်ဦးတွဲပြီး ရိုက်ထားတဲ့ ဓာတ်ပုံများက အောက်တိုဘာလ ဒုတိယအပတ် လောက်က ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီး ရွှေမှုံကတော့ ‘‘စစသိချင်းတုန်းကလည်း လုံးဝမခံစားရဘူး။ သဲအဆင်ပြေ ပါတယ်။ အစကတည်းက နှစ် ယောက်စလုံးက နားလည်မှုရှိပြီး သားဖြစ်တဲ့အတွက် အဆင်ပြေပါ တယ်။ အရင်တိုင်းပဲ ဖြစ်နေမှာပါ ပဲ။ ဘာမှ ပြောင်းလဲသွားမှာ မ ဟုတ်ဘူး။ သဲဘက်ကလည်း မ ပြောင်းလဲဘူး။ အရင်တိုင်းပဲ ချစ် တုန်းပဲ။ ဒီထက်တောင် ပိုချစ်ဦး မှာ’’လို့ 7day Daily မှာ ဖြေဆိုထားပါတယ်။

play

 

အောက်တိုဘာ(၁၂)ရက်နေ့ ညကလည်း ရွှေမှုံရဲ့ ချစ်သူကိုဆန်းထွန်းအောင်က သူအသုံးပြုတဲ့ အကောင့်နဲ့ ရွှေမှုံအကောင့်ကို tag ပြီး ‘Sorry For Everything, Please Forgive me’ ဆိုပြီး ပြောထားပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း ‘‘ဘာမှ စိုးရိမ်စရာမရှိပါဘူး ရှင့်။ အဆင်ပြေပါတယ်။ လူဆို တာ ဖြစ်ပြီး ပျက်မှာပဲလေ။ ဒါက မထူးဆန်းပါဘူး။ ညီမအတွက် အဆင်ပြေပါတယ်။ လူပဲလေ လူ တိုင်းက အမှားနဲ့မကင်းပါဘူး။ ဘာပဲဖြစ်ဖြစ် အမှားကိုသိပြီး အ မှန်ကို ပြင်တဲ့သူကိုတော့ ခွင့်လွှတ်ပေးရမှာပေါ့’’ဆိုပြီး ပြန်ပြောထားပါတယ်။

play

 

ရွှေမှုံဟာ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ စာသားကို ဖေ့စ်ဘွတ်ပေါ်မှာတင်ပြီး တစ်ရက်ကျော်အကြာမှာတော့ အဲဒါဟာ တကယ်မဟုတ်ပါဘူးလို့ ရွှေမှုံက ဆိုလိုက်ပါတယ်။

သူမဟာ နောက်လိုက်တာသာဖြစ်ကြောင်း၊ သူက သူမထင်ထားတာထက်တောင် သူမအပေါ်ပိုချစ်ကြောင်း ရွှေမှုံက အောက်တိုဘာလ ၇ ရက်နေ့ည ၁၀ နာရီခွဲခန့်မှာ ရေးသားလိုက်တာဖြစ်ပါတယ်။

play

 

ရွှေမှုံရတီကတော့ လက်ရှိမှာ ဒါရိုက်တာ ပြည်ဟိန်းသီဟရိုက်ကူးနေတဲ့ " ကို့ယို့ကားယား" ရုပ်ရှင်ဇာတ်ကားမှာ မြင့်မြတ်နဲ့အတူ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရွှေမှုံရတီ(Shwe Mhom Yati) ဟာ အနုပညာပျိုးခင်း(၁)ရဲ့ စင်တင်မင်းသမီး တစ်လက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိလာ သူတစ်ဦးဖြစ်ပြီး အသက်(၁၉)ကျော်သာ ရှိသေးပေမဲ့ အောင်မြင်နေပြီဖြစ်တဲ့ မင်းသမီး တစ်ဦး ဖြစ်ပါတယ်။

Postby

 

Source : 7day Daily

Photo  : ရွှေမှုံရတီ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ